ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်
မေလရွေးကောက်ပွဲမှာ မထင်မှတ်ဘဲ အနိုင်ရရှိခဲ့တဲ့ Move Forward Party ခေါင်းဆောင် ပီတလင်ဂျာရို ရတ်ကို ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် အဆိုပြုတာကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ ထိုင်း လွှတ်တော်အ မတ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။
ပီတဟာ အောက်လွှတ်တော်တွင်း အမတ်နေရာအများစု အနိုင်ရရှိခဲ့တဲ့ပါတီတွေနဲ့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့ စည်းခဲ့ပါတယ်။ လွှတ်တော်နှစ်ရပ် ပေါင်းစည်းထားတဲ့ လွှတ်တော်မှာ ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြု တာကို စစ်တပ်ကခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ်တွေက ကန့်ကွက်ခဲ့ပါတယ်။
မနေ့က ပီတကို ဒုတိယအကြိမ် ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုမှုကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာ မှာ ထောက်ခံမဲ ၃၉၅ မဲ၊ ကန့်ကွက်မဲ ၃၁၂ မဲ၊ ကြားနေမဲ ရှစ်မဲနဲ့ ငြင်းဆန်ခဲ့ရာ ပီတရဲ့ သန်းနဲ့ချီတဲ့ထောက်ခံသူတွေ ရဲ့ အိပ်မက်တွေကို ပျက်ပျယ်သွားစေပါတယ်။
ဒုတိယအကြိမ် ဝန်ကြီးချုပ်လောင်း အဆိုပြုမှုကို မဲခွဲဆုံးဖြတ်တာကို ဇူလိုင်လ ၂၇ ရက်မှာ ပြုလုပ်မယ်လို့ လွှတ်တော်ဥက္ကဌက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ပီတကို ဝန်ကြီးချုပ်ဖြစ်ခွင့် မပေးတာကို ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ ပီတကိုထောက်ခံတဲ့ ရာနဲ့ချီတဲ့သူတွေဟာ ဗန်ကောက်မြို့တော်မှာ စုဝေးခဲ့ကြပြီး အချို့က အထက်လွှတ်တော်အမတ်တွေကို ရှုတ်ချတဲ့ ဆိုင်းဘုတ်တွေ ကိုင် ဆောင်ထားပါတယ်။
“ကျွန်တော် စိတ်တိုပါတယ်။ အထက်လွှတ်တော်အမတ်တွေဟာ ပြည်သူ့ဆန္ဒကို လေးစားသမှုမရှိခဲ့ပါ ဘူး။ သူတို့ဟာ ပြည်သူ ၁၄ သန်းရဲ့အသံကို နားမထောင်ခဲ့ပါဘူး” လို့ အသက် ၂၁ နှစ်အရွယ် ဆန္ဒပြသူ ဝီလာဆီနီ ဆာကောက ပြောပါတယ်။
ပီတကို အာဏာမရစေဖို့ စစ်တပ်လိုလားသူတွေရဲ့ ကြိုးပမ်းမှုတွေိကို လူအများစုက ဒေါသထွက်နေတယ် လို့ ဗန်ကောက်မြို့မှာ သတင်းယူနေတဲ့ အယ်လ်ဂျာဇီးယားသတင်းဌာနရဲ့ သတင်းထောက် ဖလောရင့်လွိုင်က ပြောပါတယ်။
လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်းတဲ့ ထိုင်း ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ အမိန့်ကို လိုက်နာမယ်လို့ သူ့ကို ဒုတိယအကြိမ် ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုနိုင်ခြင်း ရှိ မရှိ လွှတ်တော်တွင်း ဆွေးနွေးမှုမှာ ပီတက ပြော ကြားခဲ့ပါတယ်။
“ကျွန်တော် လွှတ်တော်အမတ်အဖြစ် တာဝန်မထမ်းဆောင်နိုင်တော့ပေမယ့် အခုချိန်ကစပြီး ပြည်သူတွေ ကို ဂရုစိုက်ကြပါလို့ လွှတ်တော်အမတ်တွေကို တောင်းဆိုချင်ပါတယ်” လို့ ပီတက လွှတ်တော်ကျင်းပရာ ခန်းမ တွင်းမှမထွက်ခွာမီ ပြောကြားခဲ့ပါတယ်။
နောက်ထပ် ဘာတွေလုပ်ဆောင်မယ်ဆိုတာ ဆုံးဖြတ်ဖို့ အစည်းအဝေးတစ်ရပ် ကျင်းပမယ်လို့ ပီတကို ဝန် ကြီးချုပ်လောင်းအဖြစ် အဆိုပြုတာ ပယ်ချခံရပြီးနောက် MFP နဲ့ ညွန့်ပေါင်း Pheu Thai ပါတီမှ အကြီးတန်း တာ ဝန်ရှိသူတွေက ပြောပါတယ်။
ကိုးကား – Al Jazeera
Ref; Protests in Thailand as rivals derail Pita’s PM bid