ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်

NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု Kaung For You Education အွန်လိုင်းအခြေပြု စာသင် ကျောင်းရဲ့ တည်ထောင်သူ ကောင်းသိုက်စိုး(ခေါ်) ဆရာကောင်းကို ရှမ်းပြည်နယ် ၊ အောင်ပန်းမြို့နယ်အတွင်းမှာ ဇူလိုင်လ ၁၃ ရက်ကဖမ်းဆီးရမိထားတယ်လို့စစ်ကောင်စီဘက်က ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက် မနက်အစောပိုင်းမှာဘဲ ဆရာကောင်းသိုက်စိုး ဖမ်းဆီးခံခဲ့ရတယ်လို့ Kaung For You လူမှုကွန်ယက်စာမျက်နှာကနေ ဖော်ပြခဲ့ပေမယ့် အဲ့ဒီပို့စ်ကိုပြန်ဖြုတ်သွားခဲ့ပြီး သူနဲ့အဆက်အသွယ်ပြတ်တောက်နေခဲ့တာပါ။

အဲ့ဒီနောက်မှာ K4U နဲ့ပတ်သက်ပြီး ဇူလိုင် ၁၃ ရက် တရက်ထဲမှာဘဲ Kaung For You ကသင်ကြားရေး CDM ဆရာမ အများအပြားဖမ်းဆီးခံခဲ့ရသလို ဇူလိုင် ၁၆ ရက်ဒီကနေ့အထိဆက်တိုက်ဖမ်းဆီးခံခဲ့ရပါတယ်။

Kaung For You နဲ့ပတ်သက်ပြီး စစ်ကောင်စီက ဒီကနေ့ထိ CDM ဆရာ၊ဆရာမ ၁၀ ဦးကျော်နဲ့ Kaung For You မှာ ကျောင်းအပ်ထားတဲ့ကျောင်းသားအချို့လည်း ဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။

ဓာတ်ပုံ – မြန်မာ့အသံ။