ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအရှေ့ပိုင်းရှိ ဆီဗာရိုဒိုးနက်မြို့တော်ကို သိမ်းပိုက်ဖို့ နီးကပ်လာပြီဖြစ်ပေ မယ့် ယူကရိန်းတပ်ဖွဲ့ကလည်း အနောက်နိုင်ငံတွေက ထောက်ပံ့ပေးထားတဲ့ လက်နက်တွေကို အသုံးပြုပြီး တန် ပြန်ထိုးစစ်တစ်ရပ် ဆင်နွှဲတော့မှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှ ခေတ်မီဒုံးပစ်စနစ်တွေ လက်ခံရရှိခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက် ဆီရာနီကော့ဗ်က ဇွန်လ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေက လိုင်စီချန့်ခ်မြို့ကို ချီတက်လာတဲ့အတွက် ယူကရိန်းတပ်ဖွဲ့တွေကို ဆီဗာရိုဒိုးနက်မြို့ တော်ပြင်ပကို ဆုတ်ခွာပေးဖို့ ညွှန်ကြားထားတယ်လို့ လူဟန့်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာဟီဟိုင်ဒိုင်းက ဒေ သန္တရမီဒီယာတွေကို ပြောပါတယ်။
ညွန့်ပေါင်းတပ်ဖွဲ့တစ်ခု ဖွဲ့စည်းနေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ဥရောပသမဂ္ဂ နဲ့ နေတိုးအဖွဲ့ကို မေလ ၂၄ ရက်မှာ စွပ်စွဲခဲ့ပါတယ်။

ယူကရိန်းက အထူးစစ်ဆင်ရေးကြောင့်မဟုတ်ဘဲ ဂျီ-၇ နိုင်ငံတွေရဲ့ မက်ခရိုစီးပွားရေး မူဝါဒတွေကြောင့် ကမ္ဘာ့စားနပ်ရိက္ခာနဲ့ ကုန်စည်စျေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ ပါတယ်။
BRICS အဖွဲ့ဝင်နိုင်ငံတွေရဲ့ အွန်လိုင်းကတစ်ဆင့်ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတ ဗလာဒီမာပူ တင်က အဲလိုပြောခဲ့တာဖြစ်ပါတယ်။
BRICS အဖွဲ့ကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အာရှနိုင်ငံအချို့၊ အရှေ့အလယ်ပိုင်း နှင့် အာဖရိကတိုင်းပြည်အချို့နဲ့ ဖွဲ့စည်းထားတာပါ။

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုစတင်ခဲ့တာ ဇွန်လ ၂၄ ရက်က လေးလပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ကိုးကား – အန်အိတ်ချ်ကေ
Ref; Ukraine poised to launch counteroffensive using Western arms