ဧရာဝတီတိုင်းမ်
ဇွန်လ ၁၅ ရက်

နေပြည်တော် မှ ရှမ်းတဲကြီးသို့ ပျံသန်းသည့် အမောင်းသင် စစ်ရဟတ်ယာဉ်တစ်စီးသည် ယနေ့ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်အချိန်ခန့်က ပျက်ကျခဲ့သည့် အတွက် ရဟတ်ယာဥ်ပေါ်တွင် ပါရှိသည့် အရာရှိ နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း စစ်ကောင်စီတပ်သတင်းရင်းမြစ်များထံက သိရသည်။

“အမောင်းသင်ရင်း ပျက်ကျသွားတာ သင်တန်းသူအရာရှိရော ရဟတ်ယာဥ်မောင်း သင်ပေးနေတဲ့ ရဟတ်ယာဥ်မှုးပါ သေဆုံးတယ်လို့ သိထားရပါတယ်” ဟု စစ်တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

တပ်မတော်(လေ)မှ လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီးသည် ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်မှူးတစ်ဦးနှင့် သင်တန်းသားတစ်ဦးလိုက်ပါ၍ နေပြည်တော်မှ မိတ္ထီလာသို့ လေ့ကျင့်ပျံသန်းလျက်ရှိစဉ် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီး ကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာသို့အရောက်၌ ရုတ်တရုတ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ပြီး မြေပြင်သို့ ပြုတ်ကျမှုဖြစ်ပွားခဲ့ကြောင်းနှင့် ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတို့ ကျဆုံးခဲ့ရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ပျက်ကျခဲ့သည့် တပ်မတော်ရဟတ်ယာဥ်သည် H-125
Helicopter အမျိုးအစားဖြစ်ကာ သေဆုံးခဲ့သည့် အရာရှိများ၏ ကိုယ်ရေးအချက်အလက်များကို ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပုံစာ-တိုက်လေယာဥ်များကို စစ်ခေါင်းဆောင်လိုက်လံစစ်ဆေးနေစဥ်

#နေပြည်တော် #ရှမ်းတဲကြီး #စစ်ကောင်စီရဟတ်ယာဥ်ပျက်ကျ #အမျိုးသမီးအရာရှိ၂ ဦးသေ #Ayeyarwddy_Times