ဧရာဝတီတိုင်းမ်
ဇွန်လ ၁၀ ရက်

၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာရပြီးနောက်ပိုင်း နေထိုင်ခဲ့ရတဲ့ ဒုက္ခသည်စခန်းတွေကို စွန့်ခွာကာ ဌာနနေပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက တောင်းဆိုနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းက ကမ္ဘာ့အကြီးမားဆုံး ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံမှ ထွက် ပြေးလာခဲ့တဲ့ ရိုဟင်ဂျာတစ်သန်းခန့် ခိုလှုံနေကြပါတယ်။

ဇွန်လ ၁ ရက်မှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကမ္ဘာ့နိုင်ငံတွေရဲ့ ထောက်ပံ့ကူညီမှု လျော့နည်း လာတာကြောင့် ရိုဟင်ဂျာဒုက္ခသည်တစ်ဉီးကို ထောက်ပံ့ပေးနေတဲ့ ရိက္ခာကြေးကို ၁၀ ဒေါ်လာကနေ ၈ ဒေါ်လာအ ထိ ဖြတ်တောက်ခဲ့ပါတယ်။

ဇွန်လ ၈ ရက်က ဒုက္ခသည်စခန်းတွေမှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေက လက်ကိုင်ပိုစတာတွေ ဝှေ့ယမ်းကာ ကြွေးကြော်သံတေွ အော်ဟစ်ခဲ့ကြပါတယ်။

“ဌာနေ မြန်မာနိုင်ငံကို ပြန်သွားကြစို့။ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို မရပ်တန့်ပါနဲ့” လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာဖြတ်တောက်မှုကြောင့် ရိုဟင်ဂျာတွေ ငတ်မွတ်ခေါင်းပါးမှုကို တွန်းပို့ခဲ့ပြီး အ မျိုးသမီးနဲ့ ကလေးငယ်တွေက ရိက္ခာဖြတ်တောက်မှုဒဏ် အဆိုးဆုံးခံရသူတွေဖြစ်တယ်လို့ ရိုဟင်ဂျာဒုက္ခသည် တစ်ဉီးက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေက အသက်ရှင်ဖို့ ကူညီထောက်ပံ့မှုကိုသာ လုံးဝဉဿုံ အားထားနေရတာကြောင့် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ အခြားလိုအပ်ချက်တွေ ချက်ချင်း ပံ့ပိုးကူညီကြဖို့ သူက တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ အခြေခံလိုအပ်ချက်တွေအတွက် လူသားချင်းစာနာမှုအကူအညီကိုသာ အား ထားနေရပေမယ့် အကူအညီပေးဖို့ ရန်ပုံငွေမရတော့ဘူးလို့ ပြီးခဲ့တဲ့အပတ်က ဒုက္ခသည်စခန်းတွေကိုသွားရောက်ခဲ့ တဲ့ ၄ ရက်ကြာခရီးစဉ်အတွင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ လက်ထောက်မဟာမင်းကြီး ကယ်လီတီကလီး မင့်က ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်တွေကို ကူညီဖို့ လူသားချင်းစာနာမှု အေဂျင်စီတွေက ဒီနှစ်အတွက် ဒေါ် လာ ၈၇၆ သန်း တောင်းခံခဲ့ပေမယ့် လိုအပ်တဲ့ရန်ပုံငွေရဲ့ ၂၄ ရာခိုင်နှုန်းသာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကိုးကား – Aljazeera
Ref; Rohingya in Bangladesh protest to be sent home after UN aid cut

#Ayeyarwaddy_Times