ဧရာဝတီတိုင်းမ်
မေလ ၃၀ ရက်
အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) အကြီးအကဲဟာ ရိုဟင်ဂျာတွေရဲ့ နေထိုင်မှုအ ခြေအနေကို အကဲဖြတ်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွား ရောက်ခဲ့တယ်လို့ ဒေသန္တရသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
OIC အတွင်းရေးမှူးချုပ် ဟစ်စိန်ဘရာဟင်တာဟာက ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်အချို့နဲ့ အ မြင်ချင်း ဖလှယ်ခဲ့ပြီး OIC ဟာ ရိုဟင်ဂျာတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာမှာ အမြဲ တက်ကြွနေ တယ်လို့ ပြောပါတယ်။
“ရိုဟင်ဂျာတွေအတွက် အဖြေတစ်ခုရှာဖို့နဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ ဘေးအန္တရာယ် ကင်းစွာ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး သံတမန်နည်းလမ်းတွေမှတစ်ဆင့် OIC က လုပ်ဆောင်လိုပါတယ်” လို့ ရိုဟင်ဂျာခေါင်းဆောင် တိုဇီဘူရာမန်က ဒေသန္တရမီဒီယာတွေကို ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားမျှတမှုရုံး (ICC) မှာ အာဖရိကတိုက် မူဆလင်နိုင်ငံ ဂမ်ဘီယာက မြန်မာစစ် ကောင်စီအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုတာကို OIC က ထောက်ခံတယ်လို့ ဟစ်စိန်ဘရာဟင်တာ ဟာက ပြောပါတယ်။
၂၀၁၇ ခုနှစ် စက်တင်ဘာလနောက်ပိုင်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကြောင့် ရိုဟင်ဂျာမူဆလင် ၂၄၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အွန်တာရီယို အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (OIDA) ရဲ့ အစီရင်ခံစာတစ်ရပ်က ဖော်ပြပါတယ်။
ဟစ်စိန်ဘရာဟင်တာဟာသည် တနင်္ဂနွေနေ့အစောပိုင်းက ဒါကာမြို့တော်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်နဲ့ တွေ့ဆုံကာ ရိုဟင်ဂျာအရေး ဆွေးနွေးခဲ့ပါသေးတယ်။
ရိုဟင်ဂျာတွေကို ကာကွယ်ပေးဖို့ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုမှာ ပူး ပေါင်းပေးကြဖို့ OIC က အဖွဲ့ဝင်နိုင်ငံအားလုံးကို တောင်းဆိုတယ်လို့ တွေ့ဆုံမှုအပြီးမှာ သူက မီဒီယာတွေကို ပြော ကြားခဲ့ပါတယ်။
ဟစ်စိန်ဘရာဟင်တာဟာက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနဲ့ တွေ့ဆုံခဲ့ပြီး ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအတွက် OIC က ပံ့ပိုးကူညီကြဖို့ ဆွေးနွေးခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Amid repatriation attempts, OIC chief visits Rohingya in Bangladeshi camps