ဧရာဝတီတိုင်းမ်
မေလ ၁၃ ရက်

ဘင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိလာတာကြောင့် စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ အနီရောင်အဆင့်ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

အနီရောင်အဆင့်သည် မုန်တိုင်းမြန်မာ့ကမ်းရိုးတန်းဆီသို့ မဖြတ်ကျော်မီ(၁၂)နာရီအလို အချိန်ဟု သတ်မှတ်ထားသော်လည်း ယခုဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm)“မိုခါ”(MOCHA)သည်မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့(Sittwe)အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော်နိုင်သည့်အတွက် အနီရောင် အဆင့်ဖြစ်ပြောင်းလဲသတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

မေလ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်နဲ့ ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့ကြားကနေ ဝင်ရောက်ဖြတ်ကျော်နိုင်ပြီး လေတိုက်နှုန််းက တစ်နာရီကို ၁၁၅ မိုင်ထိ ပြင်းထန် နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါမုန်တိုင်းဟာ ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက်ပိုင်းမှာ ချင်းပြည်နယ်၊ မကွေး တိုင်းနဲ့ စစ်ကိုင်းတိုင်းဘက်ကို အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအနေနဲ့ ရွှေ့လျားမှာဖြစ်တယ်လို့ ခန့်မှန်ထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မေလ ၁၃ ရက်နေ့ မနက်ပိုင်းက စတင်ကာ တိုင်းနဲ့ ပြည်နယ်အနှံမှာ နေရာကွက်ပြီး မိုးကြီးတာတွေနဲ့ လေပြင်းတိုက်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း ဆိုပါတယ်။

#မိုခါ #မုန်တိုင်း #အနီရောင်အဆင့်
#Ayeyarwaddy_Times