ဧရာဝတီတိုင်းမ်
မေလ ၁၀ ရက်

အိန္ဒိယ ပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာဟာ မနေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် နိုလန်းဟေဇာနဲ့ တွေ့ဆုံကာ မြန်မာ့အရေးကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် နိုလန်းဟေဇာကို လက်ခံ တွေ့ဆုံရတာ ဝမ်းသာပါတယ်။ နိုလန်းဟေဇာရဲ့ အမြင်တွေကို ချီးကျူးပြီး သူ့ရဲ့ကြိုးပမ်းမှုတွေကို ထောက်ခံပါ တယ်” လို့ ဂျိုင်ရှန်ကာ တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ကျယ်ပြန့်စွာ ဖြစ်ပွားနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အတိုက်အခံတွေ၊ စစ်အုပ်ချုပ်ရေးကို လက်နက်ကိုင်တော်လှန်သူတွေကို ပစ် မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

လူပေါင်း ၁၈၀ ခန့် သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးရွာအပေါ် စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး ရက်အနည်းငယ်အကြာ ပြီးခဲ့တဲ့လအတွင်း မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အားလုံးက အကြမ်းဖက်မှုတွေ ရပ်ဆိုင်းကြဖို့ အိန္ဒိယနိုင်ငံက တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ မဟာဗျူဟာမြောက် အိမ်နီးချင်းတိုင်းပြည်တစ်ခုဖြစ်ပြီး နာဂလန်နဲ့ မဏိ ပူရ်ပြည်နယ်တွေ အပါအဝင် အရှေ့မြောက်ပိုင်းရှိ ပြည်နယ်များစွာနဲ့ ကီလိုမီတာ ၁၆၄၀ နယ်နိမိတ် ထိစပ်နေပါ တယ်။

ဓာတ်ပုံ/ကိုးကား – PTI
Ref; External Affairs Minister Jaishankar meets UN Secretary General’s special envoy on Myanmar Noeleen Heyzer