ဧရာဝတီတိုင်းမ်
မေလ ၆ ရက်

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်တပ်ရဲ့အင်အားကို ပိုပြီးခန့်မှန်းခဲ့ပြီး လက်နက်ကိုင် အတိုက်အခံ တွေအပေါ် အောင်ပွဲမရနိုင်တော့ဘူးလို့ အမေရိကန်အခြေစိုက် U.S. Institute of Peace (USIP) က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုမတိုင်မီ မြန်မာစစ်တပ်ရဲ့အင်အားက ၃၀၀၀၀၀ မှ ၄၀၀၀၀၀ အထိ ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အဆိုပါခန့်မှန်းချက်တွေဟာ မယုံကြည်ရတဲ့ အချက်အလက်တွေ အပေါ် အခြေခံတာဖြစ်ပြီး လက်ရှိ မြန်မာစစ်တပ်ရဲ့အင်အားဟာ ယခင်ခန့်မှန်းချက်ရဲ့ ထက်ဝက်ကျော်သာရှိတယ် လို့ USIP က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာစစ်တပ်မှာ တိုက်ခိုက်ရေးစစ်သည် ၇၀၀၀၀ အပါအဝင် တပ်ဖွဲ့ဝင်အင်အား ၁၅၀၀၀၀ ခန့်သာရှိပြီး အာဏာသိမ်းမှုနောက်ပိုင်း သေဆုံးဒဏ်ရာရတာ၊ CDM လုပ်တာနဲ့ တပ်မှထွက်ပြေးတာကြောင့် တပ်ဖွဲ့ဝင် ၂၁၀၀၀ ခန့် ဆုံးရှုံးခဲ့တယ်လို့ ဝါရှင်တန်မြို့တော်အခြေစိုက် USIP မှ ဧည့်ပညာရှင် ကိုရဲမျိုးဟိန်းက ပြောပါ တယ်။

အဆိုပါခန့်မှန်းချက်ဟာ တပ်ပြေးတွေ၊ ဘက်ပြောင်းခိုလှုံသူတွေ၊ တပ်တွင်းသတင်းပေးတွေ၊ တပ်ဖွဲ့လှုပ် ရှားမှုသမိုင်းကြောင်းနဲ့ အင်အား၊ ပဋိပက္ခအချက်အလက်နဲ့ စစ်ဆေးရုံတွေကရရှိတဲ့ ထိခိုက်သေဆုံးမှု အချက်အ လက်တွေကို အခြေခံတာဖြစ်ပါတယ်။ “လက်ရှိတပ်ဖွဲ့ဝင်အင်အားအရ မြန်မာစစ်တပ်ဟာ အစိုးရတစ်ရပ်ဆိုတာ ထက် တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်ယုံနိုင်မျှသာဖြစ်ပါတယ်” လို့ ကိုရဲမျိုးဟိန်းက ဆိုပါတယ်။

တိုက်ခိုက်ရေးစစ်သည်တွေအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မြန်မာစစ်တပ်တွင်း ပွတ်တိုက်မှုတွေရှိနေ တာကြောင့် အာဏာသိမ်းစစ်ကောင်စီဟာ အတိုက်အခံတွေရဲ့ လက်နက်ကိုင်တော်လှန်မှုကို နှိမ်နင်းဖို့နဲ့ အာဏာ ချုပ်ကိုင်မှု ခိုင်မာကျစ်လစ်အောင် မလုပ်ဆောင်နိုင်တော့ဘူးလို့ သူက ဆိုပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းက အာဏာသိမ်းစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု ရပ်တန့်သင့်ပါပြီ” လို့ ကိုရဲမျိုးဟိန်းက ပြောပါတယ်။ နိုင်ငံတကာအ သိုင်းအဝိုင်းက စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာကြောင့် ဗိုလ်ချုပ် ကြီးတွေက အတိုက်အခံတွေကို ဖြိုခွင်းသွားနိုင်ကာ စစ်ကောင်စီကို စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းသို့ရောက်ရှိဖို့ အ ချိန်ကြန့်ကြာစေတယ်လို့ သူက ဆိုပါတယ်။

ယခင်က ထင်ထားတာထက် မြန်မာစစ်တပ်ရဲ့အင်အား လျှော့နည်းယုံသာမက အာဏာသိမ်းမှုအလွန် ပြည်သူတွေရဲ့ ခုခံတွန်းလှန်မှုကြောင့် တိုက်ခိုက်ရေးတပ်ဖွဲ့အင်အား လျှော့နည်းလာတယ်လို့ ဆိုပါတယ်။ တပ် သားသစ်စုဆောင်းမရတာ၊ တပ်မှထွက်ပြေးတာနဲ့ ဘက်ပြောင်းခိုလှုံတာတွေက စစ်တပ်ကို အကြီးအကျယ် အ ကျပ်ရိုက်စေတယ်လို့ ကိုရဲမျိုးဟိန်းက ဆိုပါတယ်။

စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ ခိုလှုံသွားခဲ့တယ်လို့ သတင်း ရင်းမြစ်တွေကို ကိုးကားပြီး သူက ပြောပါသလို NUG ကတော့ ၁၂၃၀၀ အထိ ရှိတယ်လို့ ဆိုပါတယ်။ အာဏာသိမ်း မှုနောက်ပိုင်း တပ်မှထွက်ပြေးသူ သို့မဟုတ် ဘက်ပြောင်းခိုလှုံသူ ၈၀၀၀ ခန့် ရှိတယ်လို့ ခန့်မှန်းရပါတယ်။ အာ ဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀၀၀ ဝန်းကျင် သုတ်သင်ခံခဲ့ရပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကျဆုံး သို့မဟုတ် အပြင်းအထန် ဒဏ်ရာရရှိသူအရေအတွက်ဟာ ၁၀၀၀၀ မှ ၁၅၀၀၀ အထိရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

မြန်မာစစ်တပ်က ထိခိုက်သေဆုံးတဲ့ အချက်အလက်တွေကို အဆင့်အသီးသီးမှာ လိမ်လည်ဖို့ တက်ကြွစွာ ကြိုးပမ်းနေတယ်လို့ ကိုရဲမျိုးဟိန်းက ပြောပါတယ်။ ဒီအချက်အလက်တွေဟာ မြန်မာစစ်တပ်မှာ အရာခံဗိုလ်အ ဆင့် တာဝန်ထမ်းဆောင်ခဲ့သူကို ကိုးကားထားတာပါ။ CDM လုပ်တဲ့ စစ်သားအရေအတွက် အလွန်များတာကြောင့် တပ်ရင်းမှူးဖြစ်သူက CDM လုပ်သူ စာရင်းအပြည့်အစုံကို အထက်ကို မတင်ပြဖို့ သူ့ကို ပြောဆိုခဲ့ပြီး အထက်ကို CDM လုပ်သူစာရင်း တင်ပြမယ်ဆိုရင် တရားစွဲဆိုခံရ သို့မဟုတ် ရာထူးတိုးတာ ဆုံးရှုံးမယ်လို့ အဲဒီ CDM အရာရှိက ဆိုပါတယ်။

“ထွက်ပြေးသူ၊ CDM လုပ်သူ များပြားလွန်းတာကြောင့် ကျွန်တော်တို့တပ်ရင်းရဲ့ အမှန်တစ်ကယ် စစ်အင် အားနဲ့ပတ်သက်လို့ ခေါင်းရှုပ်ခဲ့ရတယ်” လို့ သူက ပြောပါတယ်။ ထိခိုက်သေဆုံးသူ၊ တပ်မှထွက်ပြေးသူနဲ့ CDM လုပ်သူ များလာတာဟာ ဗိုလ်ချုပ်ကြီးတွေကို ကစားပွဲ ပြောင်းစေခဲ့ပြီး လက်ရုံးတပ်ဖွဲ့ဝင်တွေ၊ အတွေ့အကြုံမရှိတဲ့ စစ်သည်တွေကို ရှေ့တန်းသို့ စေလွှတ်ရမှုတွေ ရှိလာခဲ့ ပါတယ်။

မြေပြင်မှာ ထိခိုက်ဆုံးရှုံးမှုတွေ များပြားလာတာကြောင့် မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ အပေါ် ပိုမို မှီခိုခဲ့ရလို့ ပျက်စီးဆုံးရှုံးမှုတွေ၊ အရပ်သားသေဆုံးမှုတွေ ရှိလာခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ လက်ရှိမှာ အင်အားအနည်းဆုံး၊ အင်အားချိနဲ့ဆုံး အခြေအနေဖြစ်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေအပြင် မကြုံစဖူး လူထုရဲ့အ မုန်းတရားကို ရင်ဆိုင်နေရတယ်လို့ ကိုရဲမျိုးဟိန်းက ပြောပါတယ်။

“မြန်မာစစ်တပ်ရဲ့အင်အားနဲ့ပတ်သက်လို့ ထင်မြင်ယူဆတာတွေ ပြန်လည်သုံးသပ်ဖို့နဲ့ မြန်မာ့အရေး ချည်းကပ်မှုနည်းလမ်းကို ပြန်စိစစ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အချိန်ကျပါပြီ” လို့ သူက ဆိုပါတယ်။

ကိုးကား – RFA
Ref; Myanmar military strength likely half of current estimates: USIP schol