ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဇူလိုင်လ ၁၀ ရက်က ဗန်ကောက်မြို့မှာ မြန်မာ လူငယ်ခေါင်းဆောင်ခြောက်ဦးနဲ့ တွေ့ဆုံခဲ့ပြီး ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်ကျင့်သုံးရေး မြန်မာစစ်တပ်ကို ပိုမို ဖိ အားပေးဖို့ ဒေသတွင်းနိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

အန်တိုနီဘလင်ကန်က မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် လူငယ်ခေါင်း ဆောင်တွေနဲ့ တစ်နာရီနီးပါးကြာ ဆွေးနွေးခဲ့ပါတယ်။

မြန်မာလူငယ်တွေက အန်တိုနီဘလင်ကန်နဲ့တွေ့ဆုံစဉ် မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်၊ အမေရိကန်အစိုးရက သိမ်းဆည်းထားတဲ့ ဒေါ်လာတစ်ဘီလီယံမှ တစ်ချို့ကိုပြန်ထုတ်ပေး ကာ အွန်လိုင်းပညာရေးကဲ့သို့ အရပ်ဘက်အစီအစဉ်များအတွက် ခွဲဝေသုံးစွဲခွင့်နဲ့ ရခိုင်ပြည်နယ်မှ လူနည်းစုများအ ပေါ် ဆက်ဆံမှုနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။

ခေါင်းဆောင်တွေက ဒီမိုကရေစီအနာဂတ်တစ်ရပ် တည်ဆောက်ဖို့ အမြဲ သံန္နိဌာန်ချထားတယ်လို့ ဆွေး နွေးမှုအပြီးမှာ အန်တိုနီဘလင်ကန်က သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာ န ယူးယောက် Federal Reserve Bank မှာ အပ်နှံထားတဲ့ ဒေါ်လာတစ်ဘီလီယံခန့်ကို ပြန်လည်ထုတ်ယူမယ့် စစ် ကောင်စီရဲ့ အစီအစဉ်ကို အမေရိကန်နိုင်ငံက ပိတ်ပင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အဆုံးသတ်ဖို့ ထိုင်းနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိ တွေ့ဆက်ဆံသင့်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် သမ်မာဆတ်တက္ကသိုလ် အာဆီယံလေ့လာရေးဌာန အကြီးအကဲ သာနက်အမ်ဖွန်ဆူဗန်က ပြောပါတယ်။

အမှန်တစ်ကယ်တော့ ထိုင်းစစ်တပ်က အာဏာသိမ်းစစ်တပ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ ဒါ့ ကြောင့် အာဆီယံက ပြင်းထန်တဲ့ရပ်တည်ချက်မချမှတ်ဘဲ ကြားမဝင်ဘူးဆိုရင် ထိုင်းအစိုးရက NUG ကို အသိအ မှတ်မပြုသလို ထောက်ခံမှာလည်း မဟုတ်ပါဘူး လို့ သူက ဆိုပါတယ်။
ကိုးကား – VOA
Ref; Blinken Meets With Burmese Youth Leaders in Bangkok