နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ မတ်လ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မတ်လ ၉ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ညောင်ပင်းကြီးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံပြည်သူတစ်ဦးကို ပစ်သတ်သွားတယ်လို့ သိရပါတယ်။

ညောင်ပင်ကြီးရဲစခန်းနဲ့ ထန်းတောကြီးကျေးရွာမှာ စခန်းချဖို့လာတဲ့ စစ်ကောင်စီတပ်က ဒေသခံတစ်ဦးကို ရွာထိပ်မှာတွေ့တာနဲ့ ပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ သေနတ်တွေပစ်ပြီးတော့ ဝင်လာတာ၊ ရွာထိပ်မှာ ဒေသခံတစ်ဦးက ကျည်ထိသွားတယ်၊ ခုကစစ်ကြောင်းထိုးချင်သလို ထိုးပြီးတော့ ရွာတွေကို မီးရှို့နေတာ”လို့ ဒေသခံ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ရွာသားတစ်ဦးကို ပစ်သတ်သွားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ကျေးရွာတွေကို မီးရှို့ဖျက်စီးပြီး မတ်လ ၁၀ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၉ နာရီလောက်မှာ ပုသိမ် – မုံရွာလမ်းအတိုင်း ဆားလင်းကြီးဘက်ကို ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းထဲကို မတ်လ ၈ ရက်နေ့က ကြေးနီသယ်တဲ့ စစ်ကောင်စီတပ်တွေ တွဲကား အစီး ၂၀ နဲ့ ဝင်ရောက်သွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက အနီးနားက‌ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်စီးတာတွေပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

#ဆားလင်းကြီး #စစ်ကြောင်းထိုး #ဒေသခံတစ်ဦးသေဆုံး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…