ဧရာဝတီတိုင်းမ်
မတ်လ ၆ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှာ ဒီကနေ့ မတ်လ ၆ ရက်နေ့ ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလှုပ်ရှားမှုကို ကြံခင်းမြိုနယ်ကစကြ၀တေးမင်းကြီးသပိတ်ဦးဆောင်ကော်မတီက”ဟေ့ (စကစ) မခြိမ်းခြောက်နဲ့ ငါတို့မကြောက်”စာသားကို ကိုင်ဆောင်ကာ ကြံခင်းမြို့နယ်တစ်နေရာမှာပြုလုပ်ခဲ့တာလို့ သိရပါတယ်။

“ကျွန်တော်တို့ စကြဝတေးမင်းကြီး သပိတ်အဖွဲ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကိုဆက်တိုက်ပြုလုပ်သွားမှာပါ ခုလဲ စစ်ကောင်စီက သပိတ်ကော်မတီ၀င်တွေသတင်းကိုလိုက်စုံစမ်းနေတဲ့ကြားကနေ့တိုင်း ဆန္ဒဖော်ထုတ်နေပါတယ်”လို့စကြဝတေး မင်းကြီး သပိတ်ဦးဆောင်ကော်မတီ၀င်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပြီးခဲတဲ့ ဖေဖော်ဝါရီလ၂၄ရက်နေ့က ကြံခင်းမြို့ပုသိမ်-မုံရွာကားလမ်းမှကြီးဘေး ကံဆယ်ရွာနှင့် ရှောက်ခုံရွာကြားတွင် စကြဝတေးမင်းကြီးသပိတ်အဖွဲ့က ပြုလုပ်ထားသည့် ငါတို့ချစ်တဲ့ဧရာဝတီ နိုးထကြ ပုန်ကန်ကြ တော်လှန်ကြ”စာတန်းချိတ်ဆွဲခဲ့ပြီး လာရောက်ဖြုတ်ယူတဲ့ စရဖတပ်သားကျော်ဇင်၀င်းဆိုသူ ရပ်ထားတဲ့ ကုန်တင်ယာဥ်ကို၀င်တိုက်ပြီးသေဆုံးခဲ့ပါတယ်။

စကြ၀တေးမင်းကြီးသပိတ်ဦးဆောင်ကော်မတီဟာ ကြံခင်းမြို့နယ်အတွင်းမှာ ဇန်နဝါရီလကနေ စတင်ပြီး ဒီကနေ့ မတ်လ၆ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေကို​(၁၂)ကြိမ် ဆက်တိုက် ပြုလုပ်ထားပြီးဖြစ်ပါတယ်။

#ကြံခင်း #ဆန္ဒပြ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…