ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၇ ရက်
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားတပ်ဖွဲ့တွေကို စစ်လက်နက်တွေထောက်ပံ့ဖို့ တရုတ်နိုင်ငံ က စဉ်းစားနေတယ်ဆိုတာ အမေရိကန်နိုင်ငံက ယုံကြည်တယ်လို့ စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယမ်ဘန်းစ်က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ရုရှားတပ်ဖွဲ့တွေကို စစ်လက်နက် ထောက်ပံ့မယ့်ခြေလှမ်းက အလွန် အန္တရာယ်များပြီး မိုက်မဲသော အလောင်းအစားတစ်ခု ဖြစ်လာမယ်လို့ ဝီလီယမ်က CBS သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။
အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလေဗန်လိုမျိုး ဝီလီယမ်ရဲ့ မှတ်ချက်စကားဟာ တရုတ်နိုင်ငံက ရု ရှားသို့ စစ်လက်နက်တွေထောက်ပံ့တာရပ်တန့်ဖို့ အမေရိကန်နိုင်ငံက နောက်ဆုံး သတိပေးမှုဖြစ်ပါတယ်။
တရုတ်နိုင်ငံက ရုရှားသို့ စစ်လက်နက်တွေ ပေးပို့ခဲ့တဲ့လက္ခဏာတွေကို အမေရိကန်နိုင်ငံက မဖော်ထုတ် နိုင်သေးဘူးလို့ ဝီလီယမ်နဲ့ ဆူလေဗန်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။
“တရုတ်နိုင်ငံက ရုရှားသို့ စစ်လက်နက်တွေထောက်ပံ့တာကို ကျွန်တော်တို့ အမှန်တစ်ကယ် မတွေ့ရသေး ပါဘူး” လို့ ဆူလေဗန်က CNN သတင်းဌာနသို့ ပြောပါတယ်။
တရုတ်နိုင်ငံက ရုရှားသို့ မောင်းသူမဲ့လေယာဉ်တွေ၊ ခဲယမ်းမီးကျောက်တွေ ပေးပို့ဖို့ စဉ်းစားနေတယ်လို့ The Wall Street Journal ရဲ့ သတင်းတစ်ပုဒ်က ဖော်ပြပါတယ်။
တရုတ်နိုင်ငံက ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့မယ်ဆိုရင် အကျိုးဆက်တွေရှိလာမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့က ပြောကြားခဲ့ပြီးဖြစ်တယ်လို့ ဝီလီယမ်က ဆိုပါတယ်။
တရုတ်နိုင်ငံက ရုရှားသို့ စစ်လက်နက်တွေထောက်ပံ့မယ်လို့ မမျှော်လင့်မိကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံက ရုရှားသို့ စစ်လက်နက်တွေ ထောက်ပံ့ဖို့ စဉ်းစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တို နီဘလင်ကန်က CBS သတင်းဌာနသို့ ပြောကြားခဲ့ပါသေးတယ်။
ကိုးကား – AFP
Ref; CIA chief says US ‘confident’ China mulling arms for Russia