ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၆ ရက်

ဒီလအစောပိုင်းက တူရကီနဲ့ဆီးရီးယားမှာ အလွန် အင်အားပြင်းထန်သော မြေငလျင်တွေ လှုပ်ခတ်ပြီး နောက် သေဆုံးသူ ၅၀၀၀၀ ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

မြေငလျင်လှုပ်ခတ်ပြီး သုံးပတ်နီးပါးကြာလာတဲ့အချိန်မှာ အကူအညီလိုအပ်နေသူတွေထံ အကူအညီ ဖြန့် ဖြူးရာမှာ တူရကီနဲ့ဆီးရီးယားက စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်က တူရကီနဲ့ဆီးရီးယားမှာ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ မြေငလျင်နဲ့ နောက် ဆက်တွဲ မြေငလျင်တွေ လှုပ်ခတ်ခဲ့တာကြောင့် တူရကီမှာ လူ ၄၄၂၁၈ ဉီးနဲ့ ဆီးရီးယားမှာ ၅၉၁၄ ဉီး သေဆုံးခဲ့ပါတယ်။

တူရကီနိုင်ငံတောင်ပိုင်း ငလျင်ဗဟိုချက်မ ကာရာမန်မာရက်စ်ပြည်နယ်က ပါဇာဆက်ခ်ခရိုင်မှာ ကျန်းမာ ရေးနဲ့ပတ်သက်လို့ စိုးရိမ်စရာရှိနေပြီး ဒေသခံ ၈၀၀ နီးပါးဟာ သောက်သုံးရေမရရှိပါဘူး။

ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ဟာ မနေ့က အဆိုပါဒေသသို့သွားရောက်ကာ ဒေသခံတွေကို ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

မြေငလျင် လှုပ်ခတ်ပြီးနောက် စေတနာ့ဝန်ထမ်းတစ်ဉီးအဖြစ် လုပ်အားပေးခဲ့ကြောင်း၊ တူရကီနိုင်ငံဟာ ယခင်က မြေငလျင်လှုပ်ခတ်မှုများစွာ ကြုံတွေ့ခဲ့ရကြောင်း၊ ပြည်သူတွေက တစ်ဉီးကိုတစ်ဉီး ကူညီဖို့လိုအပ် ကြောင်း ဆရာဝန်တစ်ဉီးက ပြောပါတယ်။

ကိုးကား – NHK
Ref; Death toll from Turkey and Syria quakes over 50,000