ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်
ဖိလစ်ပိုင်နိုင်ငံက ပိုင်နက်နယ်မြေ တစ်လက်မမျှ အဆုံးရှုံးမခံဘူးလို့ တောင်တရုတ်ပင်လယ်အတွင်း တ ရုတ်နိုင်ငံနဲ့ ပင်လယ်ရေကြောင်း တင်းမာမှုတွေ ဆက်လက်ဖြစ်နေချိန်မှာ သမ္မတ ဖာဒီနန်မားကို့စ်က ပြောကြား လိုက်ပါတယ်။
“ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေပြီး တိုင်းပြည်၊ ဒေသတွင်းနဲ့ ကမ္ဘာကြီးရဲ့ လုံခြုံရေးနဲ့ တည် ငြိမ်မှုကို ခြိမ်းခြောက်စေတဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာတာ ဖိလစ်ပိုင်နိုင်ငံက ကြုံတွေ့ခဲ့ရပါ တယ်” လို့ စစ်မှုထမ်းတွေကို ကြိုဆိုတဲ့အခမ်းအနားတစ်ခုမှာ မားကို့စ်က မိန့်ခွန်းတစ်ခုအတွင်း ပြောပါတယ်။
“ဖိလစ်ပိုင်နိုင်ငံက ပိုင်နက်နယ်မြေ တစ်လက်မမျှ အဆုံးရှုံးမခံပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတကာ ဉပဒေနဲ့အညီ ပိုင်နက်နယ်မြေနဲ့ အချုပ်အချာအာဏာကို ဆက်လက် စောင့်ထိန်းမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ ဘေးအန္တရာယ်ကင်းဖို့နဲ့ လုံခြုံဖို့ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ လက်တွဲလုပ်ဆောင်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
သမ္မတ မားကို့စ်ရဲ့ ပြောစကားနဲ့ပတ်သက်လို့ မနီလာမြို့တော်ရှိ တရုတ်သံရုံးက မှတ်ချက်မပေးသလို တ ရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဉပဒေနဲ့အညီ လုပ်ဆောင်ခဲ့တာလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ပြောပါတယ်။
သမ္မတ မားကို့စ်က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ တရုတ်သံတမန်ကို ဆင့်ခေါ်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့၊ ဖိလစ်ပိုင်တံငါသည်တွေအပေါ် တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ အလွန် အမင်း စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။
တရုတ်စစ်သင်္ဘောတစ်စင်းက ဖိလစ်ပိုင်သင်္ဘောတစ်စင်းကို စစ်ဘက်သုံးလေဆာနဲ့ထိုးခဲ့တယ်လို့ ဖိလစ် ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်ရေးရာ ကန့်ကွက် စာတစ်ခု ပေးပို့ခဲ့ပါတယ်။
သမ္မတ မားကို့စ်ရဲ့ ပေကျင်းခရီးစဉ်အပြီး တစ်လခန့်အကြာမှာ တရုတ်နိုင်ငံရဲ့ မကြာသေးမီက လုပ်ရပ် တွေက တောင်တရုတ်ပင်လယ် ပိုင်နက်နယ်မြေ အငြင်းပွားမှုကို ပိုဆိုးလာစေခဲ့ပါတယ်။
ကိုးကား – Reuters
Ref; President Marcos Says Philippines ‘Will Not Lose an Inch’ of Territory