ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၆ ရက်

ယနေ့နံနက်ပိုင်းက တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် တူရကီ နဲ့ အိမ်နီးချင်း ဆီးရီးယားနိုင်ငံမှာ လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယနေ့နံနက် ၁ နာရီ ၁၇ မိနစ်က တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ကာရာမန်မာရက်စ်ပြည်နယ်မှာ ပြင်း အား ၇ ဒသမ ၄ အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ တူရကီ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်တွေက ပြောပါတယ်။

မြေငလျင် လှုပ်ခတ်မှုကြောင့် လူ ၁၀၀ ခန့် သေဆုံးခဲ့ပြီး ၄၄၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လူ ၂၃ ဉီး သေဆုံးပြီး အဆောက်အအုံ ၁၄၀ ပြိုကျခဲ့တယ်လို့ မာလတ်ယာပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မြေငလျင် လှုပ်ခတ်မှုကြောင့် လူ ၁၇ ဉီး သေဆုံးခဲ့တယ်လို့ ဆန်လီဖာပြည်နယ် အုပ်ချုပ်ရေးမှူးက ဆိုပါ တယ်။ ဆီးရီးယားနိုင်ငံမှာ လူ ၄၂ ဉီး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာရဲ့အကူအညီ တောင်းခံတာအပါအဝင် သတိပေးမှုကို အဆင့် ၄ အထိ တိုးမြှင့်ခဲ့တယ်လို့ တူရ ကီ ပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင်လူက ပြောပါတယ်။

အင်အားပြင်း မြေငလျင် လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ် ၄၀ ကျော် လှုပ်ခတ်ခဲ့တယ်လို့ တူရကီ ဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်တွေက ဆိုပါတယ်။

ပြိုကျအဆောက်အအုံတွေထဲ မဝင်ရောက်ကြဖို့ တူရကီ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူ တွေက ပြည်သူတွေကို တိုက်တွန်းနေပါတယ်။

ကိုးကား – NHK
Ref; At least 100 dead after M7.4 quake hits Turkey