
ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၉ ရက်
ဖေဖော်ဝါရီလ ၁ ရက်ရောက်လျင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက ပြည်သူ ၁၆၀၀၀ ကျော်ကို အကျဉ်းချကာ လူနည်းစုအသိုင်းအဝိုင်းတွေ၊ မြို့ပြဧရိယာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ကာ ရာပေါင်းများစွာ သော ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး ကလေးငယ်တွေ အပါအဝင် ထောင်နဲ့ချီနဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့ပါ တယ်။
အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၁ ဒသမ ၆ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ ပြော ကြားချက်အရ သိရပါတယ်။ ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကျွန်မနဲ့အတူ ဒီမိုကရေစီ ပြန်လည်ရရှိရေးနဲ့ အမျိုး သားပြန်လည်သင့်မြတ်ရေး အတူကြိုးပမ်းခဲ့တဲ့သူတွေ အပါအဝင် ထင်ရှားသော တက်ကြွလှုပ်ရှားသူလေးဉီးကို အာဏာသိမ်းစစ်ကောင်စီက ကြိုးပေးကွက်မျက်ခဲ့ပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ဟာ ဒေါ်လာဘီလီယံချီတန်ကြေးရှိ နိုင်ငံတကာအကူအညီတွေ၊ စစ်ရေး အကူအညီတွေ ရရှိစေခဲ့ပါတယ်။ ဒါပေမယ့် မြန်မာပြည်သူတွေက နိုင်ငံတကာရဲ့ အရေးယူမှု တောင်းဆိုတဲ့အခါ စိတ်ပျက်စရာသာ ကြုံတွေ့ရပါတယ်။ “မြန်မာပြည်သူတွေကျတော့ ဘာကြောင့် အကူအညီမပေးသလဲ”
လုပ်ဆောင်စရာ ခြေလှမ်းအချို့ရှိနေပါတယ်။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းယူမှုက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အတွက် ပထမဆုံးသော သိသာထင်ရှားတဲ့ နိုင်ငံခြားရေးမူဝါဒစိန်ခေါ်မှုမြန်မာစစ်တပ်နဲ့ဆ
အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း မြန်မာစစ်တပ်နဲ့ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူတာ၊ အမည်ပျက်စာရင်းသွင်းတာလိုမျိုး ပြင်းထန်တဲ့ အစီအမံတွေလုပ်ဆောင်ဖို့ သမ္မတ ဂျိုးဘိုင် ဒင်က အမိန့်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ဗီဇာပိတ်ပင်မှု၊ မြန်မာနိုင်ငံမှထွက်ပြေးလာသူတွေကို ယာယီ ကာ ကွယ်ပေးမှု ပေးခဲ့တဲ့အပြင် အကူအညီ၊ ဖွံ့ဖြိုးရေးအကူအညီနဲ့ ငွေကြေးထောက်ပံ့တာ ရပ်ဆိုင်းခဲ့ပါတယ်။
ဉရောပသမဂ္ဂကလည်း လူပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်း ၁၀၀ နီးပါးအပေါ် ဒဏ်ခတ်အရေးယူတာ၊ ဗီဇာ ပိတ်ပင်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဇင်ဘာလ ၂၁ ရက်မှာ ၇၄ နှစ်အတွင်း ပထ မဆုံးသော မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချကာ နိုင်ငံ ရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် အခုလို ဒဏ်ခတ်အရေးယူတာတွေဟာ ယူကရိန်းနိုင်ငံအတွက် လုပ်ဆောင်ခဲ့တာတွေနဲ့ယှဉ်ရင် ပါးပါးလေးမျှသာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ယူကရိန်းဟာ အချုပ်အချာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ပြီး အခြား နိုင်ငံတစ်ခုက မတရား ကျူးကျော်သိမ်းပိုက်တာဖြစ်ပါတယ်။
ဒုတိယအနေနဲ့ ကျူးကျော်သူရဲ့ ငွေကြေးအရင်းအမြစ်တွေကို ပစ်မှတ်ထားဖို့ လွယ်ကူပါတယ်။ ရုရှားနိုင်ငံ က ကမ္ဘာ့ငွေကြေးစနစ်မှာ ရှိတာကြောင့် စီးပွားရေးအင်အားကြီးနိုင်ငံတွေနဲ့ ကုန်သွယ်မှုဆက်ဆံရေးရှိပြီး အရေးပါ တဲ့နယ်ပယ်တွေမှာ အကျိုးစီးပွားတွေရှိတာကြောင့် ဘဏ္ဍာရေးအရ ဒဏ်တ်အရေးယူမှုတွေက ပိုမို အကျိုးသက် ရောက်မှုရှိခဲ့ပါတယ်။
ဆယ်စုနှစ်ချီ စီးပွားရေး စီမံခန့်ခွဲမှုအလွဲတွေကြောင့် မြန်မာနိုင်ငံက ကမ္ဘာ့ငွေကြေးစနစ်ရဲ့ တစ်စိတ်တစ် ပိုင်းသာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဓာတ်ငွေ့၊ သစ်၊ ကျောက်စိမ်းတွေ တင်ပို့ပြီး ကျောက်မျက်တွေက အနောက် နိုင်ငံတွေကို မရောက်ရှိပါဘူး။ မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံတွေ အထူးသဖြင့် အာဆီယံနိုင်ငံတွေနဲ့ တရုတ်တို့က အနောက်နိုင်ငံတွေလို ဒဏ်ခတ်အရေးယူတာတွေ မပြုလုပ်ပါဘူး။
ယူကရိန်းနိုင်ငံမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လေးစားသမှုခံရတဲ့ သတ္တိရှိသော ခေါင်းဆောင်တစ်ဉီးရှိ နေတာ အားသာချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရင်ကတော့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လို မျိုး ခေါင်းဆောင်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက် လို့ ကာကွယ်ပေးခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သတင်းကျော်ဇောမှု ကျဆင်းခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အတိုက်အခံတွေကို စစ်လက်နက်တွေထောက်ပံ့တာလည်း ခက်ခဲပါတယ်။ မြန်မာနိုင်ငံမှာက ခွဲထွက်ရေးမှသည် သဘာဝအရင်းအမြစ် ထိန်းချုပ်ရေးရရှိဖို့ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၀ ကျော် ရှိပါတယ်။
စစ်လက်နက်တွေ မှားယွင်းပြီးရောက်ရှိသွားရင် အကြမ်းဖက်မှုတွေ ပိုဖြစ်လာပြီး ဒီမိုကရေစီပုံရိပ်ကို ထိ ခိုက်စေနိုင်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ အတိုက်အခံတွေကို လက်နက်တွေထောက်ပံ့တာဟာ မြန်မာနိုင် ငံနဲ့ ကီလိုမီတာ ၂၀၀၀ ခန့် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေ ပိုဖြစ်လာစေနိုင်ပါတယ်။
ဒီလိုအခက်အခဲတွေရှိလင့်ကစား ဒဏ်ခတ်အရေးယူတာနဲ့ အမျက်ဒေါသထွက်တဲ့ ထုတ်ပြန်ချက်တွေအ စား ဒီမိုကရေစီအင်အားစုတွေကို ကူညီနိုင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်း လုပ်ဆောင်နိုင်သော ခြေလှမ်းတွေရှိပါ တယ်။ ပထမဆုံးကတော့ နိုင်ငံတကာအသိုင်းအဝိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို သတ်မှတ်ချက် တွေနဲ့ ပံ့ပိုးကူညီနိုင်တာဖြစ်ပါတယ်။
အားလုံးပါဝင်သော ညွန့်ပေါင်းအဖွဲ့ တည်ဆောက်ဖို့နဲ့ အသေးစိတ် မဟာဗျူဟာတွေ မရှိခဲ့တဲ့ NLD ရဲ့ အမှားမျိုးတွေကို ရှောင်ကြဉ်နိုင်ဖို့နဲ့ ဉီးဆောင်နိုင်သော စွမ်းဆောင်ရည်ရရှိရေး NUG အဖွဲ့ဝင်တွေကို စွမ်းဆောင် ရည် မြှင့်တင်ပေးရမယ့်အချိန်ကျရောက်ပြီဖြစ်ပါတယ်။
NUG က အာဏာရရှိပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ ဖြေရှင်းတာ၊ စစ် အစိုးရအဆက်ဆက်ရဲ့ ဒဏ်ချက်တွေကို ကုစားတာနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးစနစ် ပြန်လည်တည်ဆောက်တာ အ ပါအဝင် ပြဿနာများစွာကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ အမျိုးသား ပြန်လည်သင့်မြတ် ရေးနဲ့ အုပ်ချုပ်မှုက ဘာဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ အချိန်ရောက်ပြီဖြစ်ပါတယ်။
အာဆီယံ၊ တရုတ်၊ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတွေက အာဏာသိမ်းစစ်ကောင်စီကို တရားဝင် အသိအမှတ် ပြုတာမရှိဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက လုပ်ဆောင်ရမှာဖြစ်ပါတယ်။
တိုက်ခိုက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ချက်ချင်း မရပ်တန့်ရင်၊ နိုင်ငံရေးအကျဉ်းသားအားလုံး မ လွှတ်ပေးရင်၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်မပြုရင်၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား အပြုသ ဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုမရှိရင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုသင့်ပါဘူး။
NLD က အနိုင်ရရှိခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အာဏာသိမ်းစစ်ကောင်စီက အသိအမှတ် ပြုရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိခဲ့တယ်လို့ မြန်မာစစ်တပ်က ယုံကြည်တယ်ဆိုရင် စုံစမ်းစစ် ဆေးမှုပြုလုပ်ဖို့ တတိယအဖွဲ့အစည်းတစ်ခုကို တောင်းဆိုသင့်ပါတယ်။
မြန်မာစစ်တပ်က သိမ်းယူနေတဲ့ လူသားချင်းစာနာမှုအကူအညီနဲ့ပတ်သက်လို့ အနောက်နိုင်ငံအစိုးရတွေ၊ အဖွဲ့အစည်းတွေက စိုးရိမ်မှုတွေကို ဘေးဖယ်ထားသင့်ပါတယ်။ ကာကွယ်ဆေးတွေ၊ စားနပ်ရိက္ခာတွေနဲ့ ငွေကြေး အရင်းအမြစ်တွေ မြန်မာစစ်တပ်လက်ထဲရောက်သွားရင် အန္တရာယ်များပါတယ်။ ကုလသမဂ္ဂကလည်း ထိတွေ့ ဆက်ဆံမှု အရှိန်မြှင့်ရမှာဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ်တွေကတည်းက အထူးကိုယ်စားလှယ်တွေ၊ အစီရင်ခံစာတင်ပြသူတွေ ခန့်အပ်ခဲ့ပေမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူ တာရက်စ်ကိုယ်တိုင် မြန်မာနိုင်ငံသို့သွားရောက်ကာ ဒီမိုကရေစီအ တွက် ပိုမို ထုတ်ဖော်ပြောသင့်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းတွေက ဒီလိုလုပ်ဆောင်ခဲ့တာ ကြောင့် ဂူတာရက်စ်က ဒီလမ်းကြောင်းအတိုင်း လုပ်ဆောင်သင့်ပါတယ်။
ဗာတီကန်က ကာဒီနယ်လ် ချားစ်မောင်ဘိုအစား မြန်မာပြည်သူတွေကို စောင့်ရှောက်နိုင်တဲ့ ကာဒီနယ်လ် သစ် သို့မဟုတ် ဗာတီကန်ကိုယ်စားလှယ်သစ် ခန့်အပ်သင့်ပါတယ်။ ကစ်သလစ်ကျောင်းတွေက မြန်မာနိုင်ငံမှာ ရှည်လျားတဲ့ သမိုင်းကြောင်းတစ်ရပ်ရှိပေမယ့် အာဏာရှင်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျူရှုတဲ့ မှတ်တမ်းတွေရှိနေပါတယ်။
မြန်မာနိုင်ငံအတွက် မှောင်မိုက်တဲ့နေ့တွေ ရှိနေပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အကျပ် အတည်းကို ဖြေရှင်းနိုင်မယ့် ရွေးချယ်စရာတွေ ရှိနေပါတယ်။
Nikkei Asia မှာ Erin Murphy ရေးသားထားတဲ့ The people of Myanmar need the world’s help too ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ ဆောင်းပါးရှင်ဟာ ဝါရှင်တန်မြို့တော်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန အကြီးတန်းပညာရှင်နဲ့ ဒုတိယညွှန်ကြားရေးမှူး ဖြစ်ပါတယ်။