ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၇ ရက်
ကိုယ့်ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက် ကျူးလွန်နေတဲ့ အာဏာသိမ်း မြန်မာစစ် ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာရပ်တန့်ဖို့ အာဆီယံလွှတ်တော်အမတ်တွေက ထိုင်းအစိုးရကို တောင်းဆိုလိုက်ပါ တယ်။
မြန်မာနိုင်ငံမှ နှိပ်စက်ညှင်းပန်းမှုတွေ၊ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာခဲ့တဲ့ ဒုက္ခ သည် တွေ၊ ခိုလှုံခွင့်တောင်းခံသူတွေကို ကူညီပေးဖို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များ (APHR) မှ အဖွဲ့ဝင်တွေက ထိုင်းအာဏာပိုင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် သံတွဲမြို့မှာ အာဏာသိမ်းခေါင်းဆောင်နဲ့ ထိုင်းစစ်တပ် အကြီး အကဲတို့ တွေ့ဆုံပြီးနောက် စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတာမလုပ်ဖို့ အာဆီယံအမတ်တွေက အခုလို တောင်း ဆိုခဲ့တာဖြစ်ပါတယ်။
“အာဏာသိမ်းစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံခြင်းအားဖြင့် ထိုင်းစစ်တပ်နဲ့ အစိုးရက နေ့စဉ်ကျူးလွန်နေ တဲ့ လူသားမဆန်သော ရာဇဝတ်မှုတွေကို ထောက်ခံပေးနေပါတယ်” လို့ မလေးရှား လွှတ်တော်အမတ်ဟောင်းနဲ့ APHR ပူးတွဲဥက္ကဌ ချားလ်ဆန်တီယာဂိုက ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက် သုံးလအကြာမှာ လက်မှတ်ရေးထိုးခဲ့တဲ့ အာဆီယံဘုံသဘောတူညီ ချက်ကို ပမာမခန့်ပြုလုပ်က အာဏာသိမ်းစစ်ကောင်စီက အာဆီယံအဖွဲ့ကို လေးစာသမှုမပြသခဲ့ဘူးလို့ သူက ဆို ပါတယ်။
“ဒေသတစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ မတည်ငြိမ်မှု ဗဟိုချက်မတစ်ခုအဖြစ် မြန်မာနိုင်ငံကို ပြောင်းလဲခဲ့ တဲ့ စစ်တပ်တစ်ခုနဲ့ ဘယ်အာဆီယံအဖွဲ့ဝင်နိုင်ငံကမှ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး မရှိသင့်ပါဘူး” လို့ ဆန် တီယာဂိုက ပြောပါတယ်။
အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ ပဋိပက္ခအတွက် စေ့စပ်ညှိနှိုင်းတဲ့ အဖြေတစ်ခုရှာဖို့နဲ့ လူသားချင်းစာ နာမှု အကျပ်အတည်းဖြေရှင်းဖို့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ မြန်မာစစ် ကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ အစကတည်းက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် လိုက်နာလိုတဲ့ဆန္ဒ မပြသခဲ့ဘူးလို့ APHR က ပြောပါတယ်။
လက်ရှိအချိန်မှာ ဘုံသဘောတူညီချက်ငါးရပ်ကို စွန့်လွှတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းအပေါ် ကမ္ဘာ့နိုင်ငံတွေရဲ့ တုံ့ပြန်မှုနှင့်ပတ်သက်သော အပြည်ပြည်ဆိုင်ရာ လွှတ်တော်စုံစမ်းစစ်ဆေးရေးရဲ့ အစောပိုင်း စီရင်ခံစာတစ်ခုက အာဆီယံကို တိုက်တွန်းခဲ့ပါတယ်။
“အာဆီယံအဖွဲ့က မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိတွေ့ ဆက်ဆံကာ မဟာမိတ် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဘုံသဘောတူညီချက်သစ်တစ်ခု ပြန်လည်စေ့စပ်ညှိနှိုင်း သင့်ပါတယ်” လို့ ဆန်တီယာဂိုက ဆိုပါတယ်။
ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွေ၊ အဆင့်မြင့်အစည်းအဝေးတွေမှာ အာဏာသိမ်းစစ်ကောင်စီ ကိုယ်စား လှယ်တွေကို မဖိတ်ကြားဖို့ အာဆီယံအဖွဲ့က ဆုံးဖြတ်ခဲ့ပြီး မလေးရှားနဲ့ လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ အင်ဒို နီးရှားလို တိုင်းပြည်တွေက NUG နဲ့ ထိတွေ့ဆက်ဆံလိုတဲ့ဆန္ဒ ပြသခဲ့ပါတယ်။
“စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခြင်းအားဖြင့် ထိုင်းနိုင်ငံက အာဆီယံနိုင်ငံတွေရဲ့ မြန် မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ဖျက်ဆီးနေပြီး အဖွဲ့အတွင်း သဘောထားကွဲအောင် လုပ်ဆောင်နေပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာစစ်ကောင်စီ၊ လာအို၊ ကမ္ဘောဒီးယားမှ နိုင်ငံ ခြားရေးဝန်ကြီးတွေအပြင် ဗီယက်နမ် ဒုတိယနိုင်ငံ ခြားရေးဝန်ကြီး တက်ရောက်ခဲ့တဲ့ မြန်မာ့အရေး အလွတ်သဘောအစည်းအဝေးကို ထိုင်းနိုင်ငံက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း လက်ခံကျင်းပခဲ့ပါတယ်။
အဆိုပါ ထိုင်းနိုင်ငံက ကမကထပြုလုပ်တဲ့ မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးပွဲကို မလေးရှား၊ ဖိလစ်ပိုင်၊ အင် ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံတွေက မတက်ရောက်ခဲ့ပါဘူး။
ထိုင်းနဲ့မြန်မာဟာ ကီလိုမီတာ ၂၄၀၀ ကျော် နယ် နိမိတ်ချင်း ထိစပ်နေပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ထောင်ပေါင်းများစွာသောပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
ကိုးကား – APHR
Ref; Southeast Asian MPs urge Thai gov’t to stop engaging with Myanmar junta