ဧရာဝတီတိုင်မ်း
ဇန်နဝါရီလ ၂၇ ရက်
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် လူ ၇၀ ကျော်ဖြင့် ပြု့လုပ် နေသည့်လောင်းကစားဝိုင်းကို လောင်းလုံးမြိုနယ်ပြည်သူ့ကာကွယ်ရေအဖွဲ့ (LLPDF)က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။
ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့ မွန်းလွဲ ၂နာရီ ၃၀ မိနစ်ခန့်က လောင်းလုံးမြို့နယ် အောက်ပိုင်းရှိကျေးရွာတစ်ရွာတွင် လူ ၇၀ ကျော်ခန့်သည် မြန်မာငွေနှင့်ထိုင်ဘတ်ငွေများ အသုံးပြု့ကာ လောင်းကစားပြုလုပ်နေကြောင်း သတင်းရရှိ၍ လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဝင်ရောက်ဖမ်းဆီးရာတွင် လောင်းကစားငွေများနှင့် လူ ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လူ ၅၀ ကျော်မှာ ထွက်ပြေးသွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။
အဆိုပါ လောင်းကစားဝိုင်းမှ မြန်မာကျပ်ငွေ ၁၂သိန်းကျော် နှင့် ထိုင်းဘတ်ငွေ ၂၃၆၀ ကို သိမ်းဆည်း ရမိခဲ့ပြီး ယင်းငွေများကို စစ်ကောင်စီအမြစ်ပြတ် ချေမှုန်းရေးအတွက် ကျည်ဆန်များ ဝယ်ယူသွားမည် ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ယခုကဲ့သို့ လောင်းကစားဝိုင်းများ ဆက်လက်ပြုလုပ်နေပါက ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။
လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီကို အခွန်ဘဏ္ဍာ ရှာဖွေပေးသည့် လုပ်ရပ်များနှင့် စစ်ကောင်စီ အလိုကျလောင်းကစား ဝိုင်းများမပြုလုပ်ရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် သုံးကြိမ်ထက် မနည်း အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်၍ လိုက်နာမှု မရှိပါက ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။