
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ပုသိမ်၊ ဇူလိုင်လ ၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ မနေ့က ဇူလိူင်လ ၄ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် ရောက်ရှိနေတာကြောင့် စစ်တပ်နဲ့ရဲ အများအပြားနဲ့လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဇူလှိုင်လ ၃ ရက်နေ့ထဲက စစ်သားတွေ ရဲတွေ ခြေရူပ်နေတာ။ ကမ်းနားလမ်းက ကမ္ဘာအေးစေတီနဲ့ ငွေဆောင်ကား၀န်းမှာလဲ အထိုင်ချထားတယ်။ မနေ့က ကားတန်းကြီး နဲ့ အမှတ် (၁) ရပ်ကွက်ဘက်ကိုသွားမှ မင်းအောင်လှိုင်လာတယ်ဆိုတာသိရတာ” လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဇူလိူင်လ ၄ ရက်နေ့က ဧရာရွှေဝါခန်းမမှာ မင်းအောင်လိူင် နဲ့ ဌာနဆိုင်ရာများ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး နာရီစင်ထိပ်ကနေ ရွှေမုဌောဘုရားအထိလမ်းများကို စစ်တပ်က ပိတ်ဆို့ထားတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ မြို့ခံတွေက ဆိိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပုသိမ်မြို့ မှာ ဧရာရွှေဝါခမ်းမ၊ ပုသိမ်လေတပ်စခန်းနဲ့ အမှတ်(၁) ရပ်ကွက် ကမ်းနားလမ်း ကို သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
မင်းအောင်လှိုင်လုံခြုံရေးအတွက် စစ်တပ်အပြင်ဧရာဝတီတိုင်းခရိုင် ၆ ခရိုင်က ရဲများခေါ်ယူကာ ပုသိမ်မြို့ပေါ်၌ လုံခြုံရေး ချထားသည့်အပြင် မြို့ပေါ်နေရာအချို့မှာ ဆိုင်ကယ်၊ကားတွေကိုစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့အသိုင်းအ၀န်းကနေသိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်