ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃ ရက်
ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ လျို့ဝှက် တံခါးပိတ်တရားစီရင်မှုတွေအတွင်း လူပေါင်း ၁၃၀ ကျော်ကို သေဒဏ်ချမှတ်ခဲ့တယ်လို့ ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူတစ်ဉီးက ထောက်ပြပြီး တရားရုံးတွေကို အတိုက်အခံတွေကိုနှိပ်ကွက်ဖို့ နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးပြုနေတယ် လို့ ပြောကြားလိုက်ပါတယ်။
“တံခါးပိတ် တရားစီရင်တာဟာ ပြည်သူတွေရဲ့ တရားမျှတသော အခြေခံတရားစီရင်ပိုင်ခွင့်အတွက် ချိုး ဖောက်မှုတစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗော်လ်ကာတက်ခ်က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ ၁၃၉ ဉီးကို သေဒဏ်ပြစ်မိန့် ချမှတ်ခဲ့ပြီး စစ်ကောင်စီဟာ ဇူ လိုင်လအတွင်း ဆယ်စုနှစ်သုံးခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ကြိုးပေးကွက်မျက်မှု လုပ်ဆောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
“တရားမျှတသော တရားစီရင်ပိုင်ခွင့် အခြေခံစည်းမျဉ်းတွေကို ချိုးဖောက်ကာ အာဏာသိမ်းစစ်တပ်က လျို့ဝှက်တရားရုံးတွေမှာ တရားစီရင်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ သေဒဏ်ပြစ်မိန့် ရပ်ဆိုင်းဖို့ တောင်းဆို ပါတယ်” လို့ သူက ပြောပါတယ်။
နိုဝင်ဘာလ ၃၀ ရက်မှာ ကျောင်းသားလူငယ် ခုနှစ်ဉီးကို သေဒဏ်ချမှတ်ပြီးနောက် ဗော်လ်ကာတက်ခ်က အခုလို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။ ကျောင်းသားခုနှစ်ဉီးကို ဒီဇင်ဘာလ ၇ ရက်မှာ ကြိုးပေးကွက်မျက်ဖို့ သတ် မှတ်ထားပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက လူပေါင်း ၁၆၄၇၂ ဉီးကို ဖမ်းဆီးကာ ယင်းတို့အနက် ၁၃၀၀၂ ဉီး မှာ အကျဉ်းကျနေဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါ တယ်။
သေဒဏ်အသုံးပြုမှုက စစ်ကောင်စီကိုယ်တိုင် ပြီးခဲ့တဲ့နှစ်အတွင်း အာဆီယံနိုင်ငံတွေနဲ့ လက်မှတ်ရေးထိုး ထားတဲ့ တူညီဆန္ဒငါးရပ်အပါအဝင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ကမ္ဘာ့နိုင်ငံတွေရဲ့ ကြိုးပမ်းမှု တွေကို မထီမဲ့မြင်ပြုတာကို ပြသနေတာလို့ ဗော်လ်ကာတက်ခ်က ပြောပါတယ်။
ကိုးကား – RFA
Ref; UN rights chief slams Myanmar death penalty cases