
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၄ ရက်
ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ ဇူလိုင်လ ၃ ရက်နေ့က မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၆ လုံး ဘေးလွတ် ရာကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အမှတ် ၁ ရပ်ကွက်၊ မကျီးစုပန်းခြံလမ်းမှာနေထိုင်တဲ့ နေအိမ် ၆ လုံးဟာ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျပြီ ဆက်လက်ပြိုကျလာနိုင်လို့ အရေးပေါ်ရွှေ့ပြောင်းခဲ့ရတာလို့ ဆိုပါတယ်။
မြစ်ကမ်းမှုပြိုကျမှုအန္တရာယ်ရှိလာနိုင်တဲ့ နေအိမ် ၆ လုံးကို ရွှေ့ပြောင်းဖို့အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် တွေအနေနဲ့ ကူညီရွှေ့ပြောင်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာတော့ မြစ်ကမ်းပါးပြိုကျမှုကြောင့် အရေးပေါ်ရွှေပြောင်းခဲ့ရတဲ့ နေအိမ် ၆ လုံးက ဒေသခံတွေ ဟာ နီးစပ်ရာဆွေမျိုးတွေနေအိမ်နဲ့ ဘုန်းကြီးကျောင်းမှာ ယာယီနေထိုင်နေကြရတယ်လို့ သိရပါတယ်။
မြန်အောင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ် ၃၀ ကျော်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။