ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

 

မန္တလေး-ဗန်းမော် ကားလမ်းမကြီးဘေးတွင် အခြေပြုလှုပ်ရှားနေသည့် ခလရ (၁၄၈) တပ်ဖွဲ့ဝင်များကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စုစုပေါင်း ၁၇ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းနှင့် မူးယစ်ဆေး ဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ယနေ့ နိုဝင်ဘာလ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက် နံနက် သုံးနာရီခန့်က ဆိပ်ငူလမ်းခွဲနှင့် သဲဖြူချောင်းတို့၌ ကသာခရိုင် အမှတ် (၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၃) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း အထူးတပ်ဖွဲ့နှင့် အင်းရွာတိုက်နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး MA-1 တစ်လက်၊ MA-2 တစ်လက်၊ MA-3 သုံးလက် အပါအဝင် 5.56 ကျည် ၃၂၉ တောင့်၊ 40MM ဗုံးသီး တစ်လုံး၊ MA ကျည်ဘောက် ၂၄ ဘောက်၊ KA ကျည်ဘောက် တစ်ခု၊ လက်ပစ်ဗုံး ၅ လုံးနှင့် ခြေနင်းမိုင်း ၅ ခုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့ပြင် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် နံနက် ၆ နာရီ ၃၂ မိနစ်တွင်လည်း မန္တလေး-ဗန်းမော် ကားလမ်းမကြီးဘေး၌ ကသာခရိုင် အမှတ် (၅) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း အထူးတပ်ဖွဲ့နှင့် အင်းရွာတိုက်နယ် ပကဖ မဟာမိတ်အဖွဲ့တို့ ထပ်မံပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ကိုးဦးထက်မနည်း ထပ်မံသေဆုံးခဲ့သည်။

 

အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်ထံမှ မူးယစ်ဆေးဝါးနှင့် အမျိုးသားကာမစိတ်ကြွဆေး အမြောက်အမြားအပြင် MA-1 သုံးလက်၊ MA-3 တစ်လက်၊ 5.56 ကျည် ၃၈၇ တောင့်၊ MA ကျည်ဘောက် ၉ ဘောက်၊ အီကွစ်မန့် (Equipment) နှစ်ခု၊ ကျည်ကာဦးထုပ် သုံးလုံး၊ ဖုန်းတစ်လုံးနှင့် ဝါစိမ်းနီအလံ တစ်ခုတို့ကိုပါ ထပ်မံသိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။

 

ပုံစာ – တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့် ပစ္စည်းများ။ (ဓာတ်ပုံ – အမှတ် ၁ စစ်ဒေသ)