ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ဒေါ်သန်းသန်းဆွေထံချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့များကို ရွေးတုသမ္မတမင်းအောင်လှိုင်က ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

အာဏာသိမ်းစစ်တပ်က ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်ခန့်အပ်လိုက်သည့် ၂၀၂၂ ခုနစ်အတွင်း ဂုဏ်ထူးဆောင်ဘွဲ့ နှစ်ခုချီးမြှင့်ထားပြီး ၂၀၂၆ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့တစ်ထပ်မံချီးမြှင့်ရာ စုစုပေါင်းရရှိထားသောစည်သူဘွဲ့၊ သီရိပျံချီဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့တို့ကို ရွေးတုသမ္မတ မင်းအောင်လှိုက်က ရုတ်သိမ်းလိုက်ကြောင်းသိရသည်။

ဒေါ်သန်းသန်းဆွေသည် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၉ မှ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်အထိတာဝန်ထမ်းဆောင်ခွင့်ရခြင်းဖြစ်သည်။

 

အာဏာသိမ်းစစ်တပ်အုပ်ချုပ်ရေးမှ ရွေးတုအစိုးရအုပ်ချုပ်ရေးသို့ပြောင်းလဲချိန် ဧပြီလပိုင်း အစိုးရအသစ်ဖွဲ့စည်းချိန်၌ ဒေါ်သန်းသန်းဆွေနေရာတွင် ပါမောက္ခချုပ်ဟောင်း ဒေါက်တာခင်နိုင်ဦးကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

 

ယင်းပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေရေးကြေးရေးဈေးကွက်၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုဌာနကြီးမှ ညွှန်ကြားရေးမှုးချုပ် ဒေါ်ခိုင်ရွှေဝါသည်လည်း ရာထူးမှထုတ်ပယ်ခံရကြောင်းပါဝင်သည်။

ရွေးတုသမ္မတမင်းအောင်လှိုင်က လက်ရှိနိုင်ငံခြားငွေလဲလှယ်နှုန်းထားများဈေးနှုန်းမြင့်တက်မှုသည် ရင်းနှီးမြှပ်နှံမှုမလုပ်ဘဲ နိုင်ငံခြားငွေကစားသူများကြောင့်ဟုဆိုကာအပြစ်တင်ပြောဆိုလျက်ရှိသည်။

 

ရွေးတုသမ္မတတိုက်ရိုက်အမိန်ဖြင့်ရာထူးမှုထုတ်ပယ်ခံရသူများရှိနေပြီး ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်နှင့် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးးချုပ် ဦးမြင့်သူရတို့လည်းပါဝင်ကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင်ဖော်ပြထားသည်။

 

ဂုဏ်ထူးဆောင်ဆုတံဆိပ်များရုတ်သိမ်းခံရသော ဒေါ်သန်းသန်းဆွေသည် ၂၀၂၂ ခုနှစ် ဧပြီ ၇ ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုဏ်ရိပ်မွန်အိမ်ရာရှိ နေအိမ်တွင် သေနတ်ပစ်ခံခဲ့ရသည်။

 

ဓာတ်ပုံ – cincds