ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်
ဘေးကင်းလုံခြုံပြီး သင့်လျော်သော၊ တရားမျှတသော အသွင်ကူးပြောင်းမှု မဖြစ်ပွားမချင်း အမေရိ ကန်က ဗင်နီဇွဲလားကို အုပ်ချုပ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ စနေနေ့က ဖလော်ရီဒါပြည်နယ်ရှိ Mar-a-Lago အိမ်တော်မှာ သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ကာကွယ်ရေးဝန်ကြီး ပိဟတ်ဆတ်နဲ့ ပူးတွဲစစ်ဉီး စီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းတို့လည်း တက်ရောက်ခဲ့ပါတယ်။
အမေရိကန်စစ်တပ်ဟာ သူ့ရဲ့ညွှန်ကြားချက်အရ ဗင်နီဇွဲလားနိုင်ငံရဲ့မြို့တော် ကရာကတ်စ်မြို့မှာ အထူးစစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့ရာ သမ္မတ နီကိုးလတ်မာဒူရိုအား ဖမ်းဆီးမိခဲ့တယ်လို့ ၎င်းက ဆို ပါတယ်။
ဒေါ်နယ်ထရမ့်က မာဒူရိုအား တရားမဝင် အာဏာရှင်တစ်ဉီးဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီး အမေရိ ကန်ရဲ့လုပ်ရပ်ဟာ ၎င်းအား တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်သွားဖို့ဖြစ်တယ်လို့ ပြောပါတယ်။
ဗင်နီဇွဲလားအစိုးရလက်ထက် ပမာဏာများပြားသော တရားမဝင် မူးယစ်ဆေးမှောင်ခိုကူးမှုက အ မေရိကန်ပြည်သူတွေကို အန္တရာယ်ဖြစ်စေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
မာဒူရိုနဲ့ သူ့ရဲ့ဇနီးကို နယူးယောက်မြို့မှာ တရားစွဲဆိုခဲ့ပြီး နောက်ပိုင်း အမေရိကန်မှာ ရုံးတင်စစ် ဆေးမယ်လို့ ၎င်းက ဆိုပါတယ်။
ဗင်နီဇွဲလားကို ယာယီအုပ်ချုပ်ဖို့ အမေရိကန်ရဲ့ အစီအစဉ်နဲ့ပတ်သက်လို့ ထရမ့်က အမေရိကန် ဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ အခြေအနေမျိုးမှာ အခြားသူတစ်ဦးကို ရာထူးလွှဲပြောင်းပေးပြီး ပါဝင် ပတ်သက်လိုခြင်းမရှိဘူးလို့ ပြောပါတယ်။
ထရမ့်က အမေရိကန်ဟာ ဗင်နီဇွဲလားနိုင်ငံကို အဖွဲ့တစ်ဖွဲ့နှင့်အတူ အုပ်ချုပ်သွားမယ်လို့ ပြောကြားခဲ့ပြီး ဗင်နီဇွဲလားရေနံလုပ်ငန်းကို ပြန်လည်တည်ဆောက်မယ်လို့ ဆိုပါတယ်။
အမေရိကန်က ဗင်နီဇွဲလားနိုင်ငံသို့ တပ်ဖွဲ့တွေ ထပ်မံ စေလွှတ်နိုင်ဖွယ်ရှိတာကို ဒေါ်နယ်ထရမ့်က မငြင်းဆန်ခဲ့ပေ။ မာဒူရိုအား ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးနဲ့ပတ်သက်လို့ အမေရိကန်ကွန်ဂရက်မှ ဒီမိုကရက် အမတ်အချို့က ဝေဖန်ခဲ့ပါတယ်။
အမေရိကန်ရဲ့လုပ်ရပ်ဟာ ဗင်နီဇွဲလား အချုပ်အခြာအာဏာကို ချိုးဖောက်တာလို့ ဘရာဇီး၊ ကျူး ဘားနဲ့ အခြားတိုင်းပြည်တွေက ပြောဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ တိုက်ခိုက်မှုတွေနဲ့ မာဒူရိုအား ဖမ်းဆီးမှုမှာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုး ဖောက်ခဲ့တယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ဂျန်းနိုရယ်ဘားရော့က ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာဥပဒေကို လေးစားသမှုမရှိမှုအပေါ် အလွန်အမင်း စိုးရိမ်မိ တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ထုတ်ဖော်ပြောခဲ့ပါတယ်။
ကိုးကား – NHK
Ref; Trump: US to bring Maduro to trial, run Venezuela until safe transition