ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်

နယ်စပ်အငြင်းပွားမှုမှာ မလေးရှားနိုင်ငံကို ဖျန်ဖြေပေးသူအဖြစ် ဆောင်ရွက်ပေးဖို့ ထိုင်းနဲ့မလေး ရှားနိုင်ငံတို့က သဘောတူခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ဇူလိုင်လ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

အငြင်းပွားနယ်မြေတွေမှာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့ ထိုင်းနဲ့ ကမ္ဘောဒီးယားက အ ပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့ ထိုင်း ယာယီဝန်ကြီးချုပ် ဖန်သန်ဝီချာရာချိုင်းတို့ဟာ ဇူ လိုင်လ ၂၈ ရက် ညနေပိုင်းမှာ မလေးရှားနိုင်ငံမှာ ရောက်ရှိမယ်လို့ မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

“ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့ ထိုင်းဝန်ကြီးချုပ် ဝီချာရာချိုင်းတို့က မလေးရှားနိုင်ငံ ကို အပြည့်အဝ ယုံကြည်မှုရှိပြီး ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်က သူတို့နှစ်ယောက်စလုံးနဲ့ စကားပြောဆိုခဲ့ပြီး နယ်စပ်အငြင်းပွားမှုမှာ ဘယ်တိုင်းပြည်မှ မပါဝင်သင့်ဘူးဆို တာကို သဘောတူခဲ့ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

အာဆီယံအဖွဲ့ ဥက္ကဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဇူလိုင်လ ၂၅ ရက်မှာ အပစ်အခတ်ရပ်စဲရေးတစ်ရပ် အဆိုပြုကာ နှစ်နိုင်ငံခေါင်းဆောင်တွေက အပစ်ရပ်ဖို့ သဘောတူခဲ့တယ် လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင်လ ၂၆ ရက်မှာ ပြောကြားခဲ့ပြီးနောက် မလေးရှားမှာ ဆွေးနွေးဖို့ ဖြစ်လာတာပါ။

အာဆီယံအိမ်နီးချင်းနှစ်နိုင်ငံကြား ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လေးရက်အကြာမှာ ထိုင်းနိုင်ငံမှာ အရပ်သားသေဆုံးသူ ၁၃ ဉီးနဲ့ ကမ္ဘောဒီးယားမှာ ရှစ်ဉီး အပါအဝင် သေဆုံးသူ ၃၀ အထက် ရှိလာခဲ့ပါတယ်။

နှစ်နိုင်ငံနယ်စပ်မှ ပြည်သူ ၂၀၀၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့တယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။

ကိုးကား – Reuters
Ref; Thai, Cambodian leaders to meet in Malaysia on July 28 for talks on border conflict