လွိုင်ကော်မြို့အထွက်တွင် ဒေသခံတစ်ဦးအား စစ်ကောင်စီတပ်သားများက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ကာ အလောင်းဖျောက်ပစ်

ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၀ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အထွက်တွင် ယမန်နေ့ မနက်ပိုင်းက ကားမောင်းလာသည့် ဒေသခံတစ်ဦးအား စစ်ကောင်စီတပ်သားများက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ကာ အလောင်းဖျောက်ပစ်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ မနက် ၉ နာရီခွဲအချိန်က လွိုင်ကော်မြို့အထွက် နွားလဝိုးလမ်းခွဲစစ်ဆေးရေးဂိတ်တွေ ဟိုက်ဂျက်မော်တော်ကား မောင်းနှင်လာသည့် အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်သားများက တားဆီးကာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများထံမှ သိရသည်။

“ဟိုက်ဂျက်မောင်းလာတဲ့ အမျိုးသားကို ကားတားပြီး ဘာမှမပြောမဆိိုနဲ့ အဆက်ပြတ်ပစ်ပြီး သတ်ပစ်တာ။ အဲ့နေရာမှာ စစ်တပ်က ကင်းပုန်းဝပ်နေကြတဲ့နေရာ။ ပြီးလည်းပြီးရော အလောင်းရော ကားရောဖျောက်ပစ်လိုက်ကြရော” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသမီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပစ်ခတ်ခံရမှုဖြစ်စဥ်အပြီးတွင် ဟိုက်ဂျက်ကားနှင့် ရုပ်အလောင်းကိုပါ ဖျောက်ဖျက်ပစ်လိုက်တာကြောင့် သေဆုံးသူမှာ မည်သူဖြစ်ကြောင်း မသိရကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

#လွိုင်ကော် #​​ဒေသခံ #အမျိုးသမီး #ပစ်ခတ်သတ်ဖြတ် #အလောင်းဖျောက်
#Ayeyarwaddy_Times