
သြဂုတ်လ ၂၉ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)
– ထိုင်း ၁ ဘတ်လျှင် မြန်မာငွေ ၉၀ ကျပ်အထိ စံချိန်တင်ဈေးကျ၊ ၁ လအတွင်း မြန်မာငွေတန်ဖိုး ၄ ပုံ ၁ ပုံ ကျဆင်းသွားခြင်းဖြစ်
– မအူပင်မြို့တွင် စစ်တပ်နား ဒရုန်းတွေ့လို့ စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ လိုက်ပစ်
– မြောင်းမြမြို့ မြကန်သာရပ်ကွက်အုပ်ချုပ်ရေးမှူးက ဈေးသည်တွေကိုဖယ်ခိုင်းပြီး စျေးမြေကို အကွက်ရိုက်ပြီး ပြန်ရောင်းစားနေ
– မြန်မာဘက်မှပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်မှုနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြော
– မန္တလေး မြို့မတူရိယာဝိုင်းက တေးရေးဆရာကြီး မြို့မဆရာပေါ ကွယ်လွန်
– ကလေးမြို့ တွင် ကားတစီး မီးလောင်၊ မီးငြှိမ်းသည့် သံဃာတပါး ဒဏ်ရာရ
– မြင်းမူမြို့နယ်တွင် စစ်တပ်ပိုင် ကြေးနီတင်ကား မိုင်းဆွဲခံရ
– တော်လှန်ရေးမှာ ကြားနေသူတွေက စကစ ဘက်တော်သားတွေ ဖြစ်တယ်
– ကရင်ရိုးရာလက်ချည်ပွဲနဲ့ ရန်ပုံငွေဈေးရောင်းပွဲ ထိုင်းနိုင်ငံ ဘန်ဖီမြို့မှာ ကျင်းပ