
ဧရာဝတီတိုင်းမ်
(ရေး)၊ မတ် ၁၀ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-၃၄၃ တပ်ရင်းမှ စစ်ကြောင်းကို ယမန်နေ့ မတ် ၉ ရက် နေ့ နံနက်ပိုင်းတွင် ရေးဘီလူးအဖွဲ့မှ ပိတ်ဆို့ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
စစ်ကောင်စိ၏ ခမရ-၃၄၃ တပ်ရင်းမှ အင်အား ၆၀ ဝန်းကျင်ပါ စစ်ကြောင်းသည် တော်လှန်ရေး တပ်ဖွဲ့များ သွားလာလှုပ် ရှားလေ့ရှိသည့် တောင်စွန်းရွာသို့ စစ်ကြောင်း သုံး ကြောင်းခွဲ၍ လာရောက် စစ်ဆေးပြီးနောက်အပြန်တွင် ရေးဘီလူးအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်ခံရပြီးနောက် အဆိုပါ စစ်ကောင်စစ်ကြောင်းမှာ ၎င်းတို့စခန်းချရာသို့ ပြန်ဆုတ်ခွာစဉ် တွင်လည်း ရေဘီလူးအဖွဲ့မှ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း ခုနစ် ဦး သေဆုံးပြီး ယနေ့ မတ် ၁၀ ရက်နေ့တွင်လည်း ဆေးရုံ၌ နှစ် ဦး ထပ်မံ သေဆုံးကြောင်း ရေးဘီလူးအဖွဲ့ထံက သိရသည်။
“ကျွန်တော်တို့ ပုံမှန် စောင့်လေ့ရှိတဲ့နေရာတွ လမ်းဆုံ နေရာတွေကို သူတို့(စစ်ကောင်စီ) စစ်ဆေးရေး ပြုလုပ်တယ်။ ကျွန်တော်တို့က သူတို့တပ်တည်မယ့်နေရာကို သိနေတော့ ညအိပ်စခန်းချမယ့် နေရာကို ကြိုပြီး စောင့်ပြီးလမ်းမှာဖြတ်ပစ်တယ်။ ဆေးရုံမှာ ဆိုလည်း ထပ်ပြီးကျတဲ့အလောင်း တွေရှိတယ်။ မနေ့က အလောင်းက ကျွန်တော်တို့ရတယ်။ Dead Body ကိုမယူထားဘူး။ အချိန်လဲမရတော့ အခင်းဖြစ်တဲ့ နေရာမှာပဲ အလောင်းတွေကျန်ခဲ့တယ်” ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်ခံရပြီးနောက် အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ တောင်းစွန်းရွာနှင့် ငါး မိုင်ဝန်းကျင်သာ ကွာဝေးသည့် ၎င်းတို့တပ်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားပြီး ယနေ့ မတ် ၁၀ ရက်နေ့တွင်လည်း အမှတ်(၈) ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်၌ ကင်းပုန်းများ ချထားကြောင်း သိရသည်။
အဆိုပါ မတ် ၉ ရက်နေ့တွင်ပင် မြို့ပေါ်မှလူငယ်များကို စစ်မှုထမ်းရန် စုဆောင်းဖမ်းဆီးနေသည့် အောင်သုခရပ်ကွက် နယ်ထိန်းရဲမျိုးသူ ဆိုသူကို ဘီယာသောက်နေစဉ် ရေးဘီလူးအဖွဲ့မှ ဝင်ရောက် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ရေးဘီလူး
#ရေး #ခမရ၃၄၃ #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #သေဆုံး #တိုက်ပွဲ #ရေးဘီလူး #Ayeyarwaddy_Times