ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်

မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ၂၀၂၅ ခုနှစ်၊ မတ်လမှာကုန်ဆုံးမယ့် ယခုဘဏ္ဍာနှစ်မှာ ၁ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။

ပြည်တွင်းပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေက မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဆိုးရွားစွာ ထိ ခိုက်စေခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်းဟာ နှစ်စဉ ပျှမ်းမျှအားဖြင့် ၂၆ ရာခိုင်နှုန်း ဆက်ရှိမယ်လို့ ခန့်မှန်းရပြီး လာမယ့်ဘဏ္ဍာနှစ်မှာ ၃၀ ရာခိုင်နှုန်းအထိ ရောက်ရှိမယ်လို့ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အ စီရင်ခံစာက ဖော်ပြပါတယ်။

လွန်ခဲ့သော (၄) နှစ်နီးပါး စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဟာ ဒီမိုကရေစီအင် အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်နေရပါတယ်။

ပဋိပက္ခ တာရှည်နေတာက ကုန်စည်ထုတ်လုပ်မှုနဲ့ ထောက်ပံ့မှုလမ်းကြောင်းကို ထိခိုက်စေကာ ငွေကြေးဖောင်းပွစေပြီး ကုန်စျေးနှုန်းတွေ မြင့်တက်စေခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိုင်း ‘ယာဂီ’ ကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ရာ အခြေခံအဆောက်အအုံတွေ ထိခိုက်ကာ ကုန်ထုတ်လုပ်ငန်းတွေ အထိနာခဲ့ရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

စက်တင်ဘာလအတွင်း အဆိုပါမုန်တိုင်းကြောင့် ကုမ္ပဏီသုံးပုံတစ်ပုံနဲ့ စိုက်ပျိုးရေးလုပ်ငန်းထက် ဝက်ကျော်ဟာ ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဘေးအသင့်ဆုံးပြည်သူတွေကို ကူညီမယ့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေ ကို ပံ့ပိုးကူညီဖို့ အရေးတကြီး လိုအပ်တယ်လို့ ထိုင်းနဲ့မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူး မယ်လင်ဒါဂွတ်က ပြောပါတယ်။

ကိုးကား – NHK
Ref; World Bank: Myanmar’s GDP to contract 1%

#Ayeyarwaddy_Times