ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၈ ရက်
ရှေးဟောင်းအဆောက်အဦပုဒ်မဖြင့် ဖမ်းဆီးခံထားရ သည့် ဇေကမ္ဘာဦးခင်ရွှေကို စစ်ကောင်စီက ပြစ်ဒဏ် လျော့ပေါ့၍ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ရှေးဟောင်းအဆောက်အဦများ ကာကွယ်ထိန်း သိမ်းရေးဥပဒေ ပုဒ်မ ၂၄ ဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရသည့် ဇေကမ္ဘာဦးခင်ရွှေ ပြစ်ဒဏ်လျော့ပေါ့၍ လွတ်ငြိမ်းဖြင့်ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း အကျဉ်းဦးစီးနှ င့်နီးစပ်သူထံက သိရသည်။
“အကျဉ်းဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးနဲ့ ထောင်ဆေးရုံအုပ်တို့က ထောင်ထွက် လက်မှတ် ပေးပြီး ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ကို ဒီညနေက ပေးလိုက်တာ”ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ဦးခင်ရွှေနှင့်သားဖြစ်သူ ဇေသီဟတို့ကို ယခင်၂၀၁၄ခုနှစ်က ငှားရမ်း လုပ်ဆောင်ခဲ့သော စစ်တပ်ပိုင်မြေနေရာ မြရိပ်ညိုဟိုတယ်ဝင်းငှားရမ်းခအား အကျေအလည် ပေးသွင်းမှုမရှိခြင်း၊ ရန်ကုန်မြို့တော်ဝန်ဟောင်း၏ အိမ်တော်အပါအဝင် ရှေးဟောင်းအဆောက်အဦး အချို့အား ဖြိုဖျက်ခဲ့သည်ဆိုသော စသည်စွပ်စွဲချက်များဖြင့် ၂၀၂၂ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထိုသို့ဖမ်းဆီးပြီးနောက် ရှေးဟောင်းအဆောက်အဦများ ကာကွယ်ထိန်း သိမ်းရေးဥပဒေ ပုဒ်မ ၂၄ ဖြင့် ဗဟန်းရဲစခန်းတွင် အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့၍ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် နှစ်နှစ်အကြာတွင် ဦးခင်ရွှေတစ်ဦးတည်း ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
ပုံစာ-ဇေကမ္ဘာဦးခင်ရွှေ(ပုံဟောင်း)
#ဇေကမ္ဘာ #ဦးခင်ရွှေ #အကျဥ်းထောင် #ပြန်လွတ် #Ayeyarwaddy_Times