
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်
မြန်မာ၊ ထိုင်းနယ်စပ်အနီး လာအိုနိုင်ငံရှိ အထူးစီးပွားရေးဇုန်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဖိလစ်ပိုင် နိုင်ငံသား ၇ ဦးကို နေရပ်ပြန်ပို့ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ရွှေတြိဂံ အထူးစီးပွားရေးဇုန် (GTSEZ) အတွင်းက ကျားဖြန့်နှိမ်နင်းမှုတစ်ခုအတွင်း ဖမ်းဆီးမိသူ ၇၇၁ ဉီးအနက် ဖိလစ်ပိုင်နိုင်ငံသား ၇၅ ဦးကို နေရပ်ပြန်ခေါ်ဖို့ ဖိလစ်ပိုင်အစိုးရက လာအိုအာဏာပိုင်တွေ နဲ့ လက်တွဲဆောင်ရွက်နေပါတယ်။
ဖမ်းဆီးခံရသူအများစုဟာ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ဗီ ယက်နမ်နိုင်ငံမှဖြစ်တယ်လို့ သိရပါတယ်။
ရွှေတြိဂံ အထူးစီးပွားရေးဇုန် (GTSEZ) ဆိုတာ တရုတ်စီးပွားရေးလုပ်ငန်းရှင် ကျောင်ဝေ ပိုင် ဆိုင်တဲ့ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ Kings Romans Group နဲ့ ပူးပေါင်းကာ ၂၀၀၇ ခုနှစ်မှာ လာအိုအစိုးရက ထူထောင်ခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇုန်တစ်ခုဖြစ်ပါတယ်။
ရွှေတြိဂံ အထူးစီးပွားရေးဇုန် (GTSEZ) ဟာ ရာဇဝတ်မှုတွေ လုပ်ဆောင်ရာ အချက်အချာနေရာ တစ်ခုလို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ယူဆကြောင်း ဘလွန်းဘဂ့်သတင်းဌာနက ပြီးခဲ့တဲ့အပတ်အတွင်း ဖော်ပြခဲ့ပါတယ်။
ရွှေတြိဂံ အထူးစီးပွားရေးဇုန် (GTSEZ) ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုမှာ မူး ယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကြားခြင်းနဲ့ လူကုန်ကူးတဲ့ ကျားဖြန့်လုပ်ငန်းတွေ လက်ခံထားရှိခြင်းဖြစ် တယ်လို့ အဆိုပါသတင်းဌာနက ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Philippines brings home 7 nationals arrested in Golden Triangle
#Ayeyarwaddy_Times