ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ ရက်

ငြိမ်းချမ်းသော၊ တည်ငြိမ်သော မြန်မာနိုင်ငံ တည်ဆောက်ဖို့ အာဆီယံအဖွဲ့နဲ့အတူ ဒေသတွင်းနဲ့ နိုင်ငံ တကာရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ အပြုသဘောဆောင်သော အခန်းကဏ္ဍကနေပါဝင်ဖို့ ထိုင်းနိုင်ငံက ကတိပြုလိုက်ပါ တယ်။

အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တော်မှာပြုလုပ်တဲ့ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ မြန်မာ့အ ရေး သံခင်တမန်ခင်း ဆွေးနွေးပွဲတက်ရောက်ချိန်မှာ ထိုင်း ဒုတိယဝန်ကြီးချုပ် ပန်ပရီးဘာဒီဒါနူကာရာက အခုလို ပြောကြားခဲ့တာပါ။

ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းသော နိုင်ငံရေးအဖြေတစ်ခုရရေး အဓိပ္ပာယ်ရှိသော တွေ့ဆုံဆွေးနွေး မှုတွေ ထိတွေ့ဆက်ဆံကြဖို့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးအတွက် လိုအပ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်တဲ့ ပန်ပရီးက ပြောပါတယ်။

“ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ ပေါင်းစည်းသော မြန်မာနိုင်ငံကို အားပေးထောက်ခံဖို့ မြန်မာနိုင်ငံရဲ့ အိမ် နီးချင်းတွေ၊ ပြည်ပမိတ်ဖက်တွေနဲ့ ပံ့ပိုးမှုနဲ့အတူ ထိုင်းနိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍကနေ ပါဝင် ပါမယ်” လို့ သူက ဆိုပါတယ်။

“ထိုင်းနိုင်ငံရဲ့ ရည်မှန်းချက်က မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အ ထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီ ပေးအပ် ဖို့ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

မြေပြင်မှာ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေထံ အကူအညီပေးအပ်မှု ထိရောက်မှုရှိရှိ၊ အများ ယုံကြည်လက်ခံပြီး ပွင့်လင်းမြင်သာစွာ ပေးအပ်နိုင်ရေး ထိုင်းနဲ့မြန်မာက လက်တွဲဆောင်ရွက်နေပါတယ်လို့ သူက ဆိုပါတယ်။

မြန်မာ့အရေး သံခင်းတမန်ခင်းဆွေးနွေးပွဲကို ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှ ဖိတ်ကြား ထားတဲ့ အဆင့်မြင့် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

ကိုးကား – Bernama
Ref; Thailand pledges proactive role in Myanmar’s stability

#Ayeyarwaddy_Times