
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်
ဧရာဝတီတိုင်း၊ ကျုံမငေးမြို့တွင်ငွေဗျိုင်းဖြူစက်သုံးဆီဆိုင်မန်နေဂျာဖြစ်သူကို တော်လှန်ရေးအဖွဲ့များအား လူမှုစာမျက်နှာပေါ်တွင်ပို့စ်တင်သည်ဟု အကြောင်းပြကာ စစ်ဖက်ဆိုင်ရာ လုံခြုံရေးရာအဖွဲ့(စရဖ) မှဖမ်းဆီးကာငွေကျပ် သိန်း၄၀ တောင်း၍ပြန်လွှတ်ပေးခဲ့ကြောင်းသတင်းရရှိသည်။
ကျုံမငေးမြို့တွင်ပြီးခဲ့သည်ဒီဇင်ဘာလ၂၂ရက်နေ့လည်ပိုင်းက ငွေဗျိုင်းဖြူ စက်သုံးဆီဆိုင်မန်နေဂျာဖြစ်သူ ကိုဇော်ထွန်းဆိုသူကို လူမှုစာမျက်နှာပေါ်တွင် တော်လှန်ရေးအဖွဲ့များအား ထောက်ခံသည့်ပို့စ်ရေးတင်သည်ဟုအကြောင်းပြ၍ ဝါးခယ်မ အခြေစိုက် စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့(စရဖ)မှဆိုင်အတွင်းသို့ လာရောက်ကာဖမ်းဆီး၍ တပ်တွင်းသို့နှစ်ရက်ကြာခေါ်ဆောင်သွားခဲ့ကြောင်းစက်သုံးဆီဆိုင်နှင့်နီးစပ်သူများထံကသိရသည်။
“ ဆိုင်ကမန်နေဂျာကို facebook မှာ တော်လှန်ရေးအဖွဲ့တွေကိုထောက်ခံတဲ့ပို့စ်တင်တယ်ဆိုပြီးတော့ စရဖတွေဆိုင်ကိုလာပြီးဖမ်းသွားတယ်။ ဆိုင်ကသူတွေကိုလည်းဖုန်းတွေစစ်သွားတယ်”ဟုစက်သုံဆီဆိုင်နှင့်နီးစပ်သူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းကဲ့သို့ ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များလိုက်လံညှိနှိုင်းခဲ့ရာ စစ်ကောင်စီတပ်အရာရှိတပ်ဆွယ်မှူးမျိုးထွန်းဆိုသူမှ ငွေကျပ်သိန်း၃၀ ကိုတောင်းခံ၍ ယမန်နေ့ဒီဇင်ဘာလ ၂၄ရက်ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်များထံကသိရသည်။
“မနေ့ညနေကပြန်လွှတ်ပေးလိုက်တယ်။ လက်ကိုင်ဖုန်းတော့ပြန်မရဘူး။လူကတော့နဲနဲဒဏ်ပေးခံလိုက်ရတာ။စရဖ တပ်ဆွယ်မှူးကို သိန်း၃၀ပေးမှပြန်လွှတ်ပေးလိုက်တာ”ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
အလားတူ ကျုံမငေး မြို့ စက်လှေဆိပ်၌ မြို့နယ်စစ်ကောင်စီမှ စက်လှေများကို စစ်ဆေးနေစဉ် ဆံအိပ်ကျေးရွာမှ ပဲ့တောင်ပိုင်ရှင်လူငယ်တဥဦးအားPDFဟုစွတ်စွဲပြောဆို၍ အဆိုပါလူငယ်ပိုင်ဆိုင်သည့် စက်လှေ တစ်စင်း( ကာလတန်ဖိုးငွေကျပ်သိန်း၂၀ )ကိုဝါးခယ်မမြို့နယ်စစ်ကောင်စီရုံးသို့သိမ်းဆည်းသွားခဲ့သည်။
#ကျုံမငေးမြို့ #ငွေဗျိုင်းဖြူစက်သုံးဆီဆိုင် #မန်နေဂျာ #စစ်ကောင်စီတပ်ကဖမ်းဆီး
#Ayeyarwaddy_Times