ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၈ ရက်

အနောက်နိုင်ငံတွေက ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီ လျှော့ချမှုဟာ ရုရှားနဲ့ယူကရိန်းကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ မသက်ဆိုင်ဘူးလို့ ရုရှားသမ္မတရုံးက ပြောပါတယ်။

ယူကရိန်းအတွက် အနောက်နိုင်ငံတွေရဲ့ စစ်ရေးအကူအညီ လျှော့ချမှုကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ယူကရိန်းထံကနေ အဆိုပြုချက်တစ်ခု ရရှိခြင်းရှိ မရှိ မေးမြန်းချက်ကို ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထ ရီပက်ရှ်ကော့ဗ်က မီဒီယာရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တွေကို အခုလို ဖြေကြားခဲ့တာပါ။

ရုရှားနိုင်ငံအတွက် အဓိကအချက်မှာ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ရည်မှန်းချက်တွေ အောင်မြင် ရေးဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ရုရှားနိုင်ငံရဲ့ အဓိကအချက်က နိုင်ငံရေးနဲ့ သံတမန်ရေးနည်းလမ်းတွေကတစ်ဆင့် ရည်မှန်းချက်တွေ အောင်မြင်ဖို့ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ယူကရိန်းက ဒီနည်းလမ်းတွေကို ပယ်ချမယ်ဆိုရင် အထူးစစ်ဆင် ရေး ဆက်လက်ဆောင်ရွက်ပါမယ်” လို့ သူက ပြောပါတယ်။

ဂျပန်နိုင်ငံက အွန်လိုင်းမှတစ်ဆင့် ကျင်းပတဲ့ G7 ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်လို့ အဆိုပါထိပ်သီးဆွေး နွေးပွဲကို အနီးကပ် စောင့်ကြည့်သွားမယ်လို့ သူ ဆိုပါတယ်။

ယူကရိန်းအရေးဟာ G7 ထိပ်သီးဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးမယ့်ကိစ္စဖြစ်လာမယ်လို့လည်း ပက်ရှ် ကော့ဗ်က ဆက်ပြောပါတယ်။

“ခက်ခဲသောအခြေအနေဟာ ဘဏ္ဍာရေးအရင်းအမြစ်တွေ ခွဲဝေသုံးစွဲတာနဲ့ ဘယ်လို ဆက်စပ်နေတယ်ဆို တာ ခင်ဗျားတို့ သိနိုင်ပါတယ်။ ယူကရိန်းနိုင်ငံဟာ အလွန်ကို ခက်ခဲတဲ့အခြေအနေမှာ ရောက်နေပါတယ်” လို့ သူ က ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါဟာ ဂျပန်နိုင်ငံက အလှည့်ကျဥက္ကဌဖြစ်တဲ့ G7 ထိပ်သီးဆွေးနွေးပွဲကို အွန် လိုင်းမှတစ်ဆင့် ကျင်းပမှာဖြစ်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးလည်း တက်ရောက်မယ်လို့ သိရပါတယ်။

ကိုးကား – Anadolu
Ref; Kremlin says reduction of Western military aid to Ukraine not related to peace talks

#Ayeyarwaddy_Times