ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃ ရက်
တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ရင် ကမ္ဘာကြီးအတွက် ဆိုးရွားသောရလဒ်တွေ ဖြစ်လာမယ်လို့ တစ်ပိုင်းလျှပ်ကူးလုပ်ငန်းနဲ့ ကမ္ဘာ့သင်္ဘောလမ်းကြောင်းတွေအတွက် ထိုင်ဝမ်ရဲ့ မဟာဗျူဟာမြောက် အရေးပါမှု ကို ကိုးကားပြီး နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက AFP နဲ့ အင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။
ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့နိုင်ငံရေးဖိအား တိုးမြှင့်ပေးတာ ရင်ဆိုင်နေရ စဉ် ထိုင်ဝမ်က လာမယ့်နှစ်အတွင်း သမ္မတရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေချိန် ဂျိုးဇက်ဝူက အခုလို သတိပေး လိုက်တာဖြစ်ပါတယ်။
ထိုင်ဝမ်ဟာ လက်အောက်ခံပိုင်နက်နယ်မြေတစ်ခုဖြစ်တယ်လို့ တရုတ်နိုင်ငံက ပြောပြီး လိုအပ်ရင် စစ် ရေးအင်အားအသုံးပြုပြီး ပြန်လည်သိမ်းပိုက်ဖို့ ကတိပြုထားပါတယ်။
ထိုင်ဝမ်ကို အင်အားသုံးပြီး ကျူးကျော်တိုက်ခိုက်ရင် တစ်ကမ္ဘာလုံးရဲ့ တုံ့ပြန်မှုဂယက်ရှိလာမယ်လို့ ဂျိုး ဇက်ဝူက ပြောပါတယ်။
“ထိုင်ဝမ်ပါဝင်တဲ့ ပဋိပက္ခဖြစ်လာမယ်ဆိုရင် ကမ္ဘာ့နိုင်ငံတွေရဲ့ ဆိုးရွားသောရလဒ်တွေ ရှိလာမယ်” လို့ ရု ရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ဖြစ်လာခဲ့တဲ့ စားနပ်ရိက္ခာနဲ့ လောင်စာဆီပြတ်လပ်မှုတွေ၊ ငွေကြေးဖောင်း ပွမှုတွေကို ထောက်ပြပြီး ဂျိုးဇက်ဝူက ပြောပါတယ်။
“တရုတ်အစိုးရက ထိုင်ဝမ်ကို အင်အားသုံးပြီး တိုက်ခိုက်မှာမဟုတ်ဖူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျိုးဆက်က ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေအတွက် အလွန်ကို ဆိုးရွားပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။
၂၀၁၆ ခုနှစ်မှာ ဆိုင်အင်ဝမ် ထိုင်ဝမ်သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက်ပိုင်း တရုတ်နဲ့ထိုင်ဝမ်ကြား ဆက်ဆံရေးမှာ ဆိုးရွားလာခဲ့ပြီး တရုတ်က ထိုင်ဝမ်နဲ့ ထိတွေ့ဆက်ဆံဖို့ ငြင်းဆန်ခဲ့ပါတယ်။
ကျင်းဂေါင်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ရုတ်တရက် ဖယ်ရှားပြီးနောက် ထိုင်ဝမ်ကလည်း တရုတ်နိုင်ငံ ရဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေကို သတိထားပြီး စောင့်ကြည့်နေပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း ပင်တဂွန်က ကြေညာခဲ့တဲ့ ဒေါ်လာ ၃၄၅ သန်းတန်ကြေးရှိ စစ်ရေးအကူအညီလို မျိုး အမေရိကန်နိုင်ငံရဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနဲ့ စစ်ရေးအကူအညီကို အသိအမှတ်ပြုတယ်လို့ သူက ဆိုပါတယ်။
“ထိုင်ဝမ်ဟာ ကျွန်တော်တို့ရဲ့တိုင်းပြည်နဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှုဖြစ်ပါတယ်။ ထိုင်ဝမ်ကို ကာ ကွယ်တာဟာ ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားဖြစ်ပါတယ်” လို့ ဂျိုးဇက်ဝူက ဆိုပါတယ်။
ကိုးကား – CNA
Ref; Taiwan FM says conflict with China would have ‘disastrous results’