
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃ ရက်
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပယ်ဖျက်ဖို့ ကြိုးပမ်းမှုတွေနဲ့ပတ်သက်လို့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ရာဇဝတ်ကြောင်းအရ စွဲချက်တင်ခံရတာ လေးလအတွင်း တတိယအကြိမ် ဖြစ်ပါတယ်။
ကွန်ဂရက်က သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲအနိုင်ရရှိမှုကို မထောက်ခံနိုင်အောင် လိမ်ညာဖို့ ဒေါ် နယ်ထရမ့်က ကြံစည်ခဲ့တယ်လို့ စွဲချက်က ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက် အမေရိကန် လွှတ်တော်အဆောက်အအုံအပေါ် တိုက်ခိုက်မှုဟာ အမေရိ ကန်ရဲ့ ဒီမိုကရေစီအပေါ် မကြုံစဖူး တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်” လို့ တရားရေးဌာန အထူးတရားရုံးချုပ်ရှေ့ နေ ဂျက်စမစ်က ပြောပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေက အမေရိကန်လွှတ်တော်အဆောက်အအုံ ကို စီးနင်းခဲ့ရာ အကြမ်းဖက်မှုတွေကြောင့် လူ ၇ ဉီး သေဆုံးခဲ့ပါတယ်။
ထိုဖြစ်စဉ်မတိုင်မီ တစ်နာရီအလို နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုဖို့ ကွန်ဂရက်က တွေ့ဆုံ နေချိန် ဒေါ်နယ်ထရမ့်က သူ့ကို ထောက်ခံသူတွေအား မိန့်ခွန်းပြောခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲရှုံးနိမ့်တာကို ဝန်ခံဖို့ ငြင်းဆန်ခဲ့ပြီး ငရဲလိုမျိုး တိုက်ခိုက်ကြဖို့ ထောက်ခံ သူတွေကို တိုက်တွန်းခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရာဇဝတ်မှုစွပ်စွဲချက်တွေကို ရင်ဆိုင်နေရတဲ့ ပထမဆုံးသော အမေရိကန်သမ္မတ ဟောင်းတစ်ဉီး ဖြစ်ပါတယ်။
နေအိမ်မှာ အထူးလျို့ဝှက်မှတ်တမ်းတွေ သိမ်းဆည်းမှုနဲ့ ဖက်ဒရယ်ဂျူရီအဖွဲ့က ဇွန်လအတွင်း ဒေါ်နယ် ထရမ့်ကို စွဲချက်တင်ခဲ့ပါတယ်။
စွဲချက်အသစ်တွေကို ရင်ဆိုင်ဖို့ မနက်ဖြန်မှာ ဝါရှင်တန်တရားရုံးလာရောက်ဖို့ ဒေါ်နယ်ထရမ့်ကို ဆင့်ခေါ် ထားပါတယ်။
ကိုးကား – NHK
Ref; Trump indicted over efforts to overturn 2020 election