နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ရက်
မန္တလေးတိုင်း၊ ရွှေဘို-မန္တလေးလမ်းကို အရေးပေါ်အခြေအနေကြောင့် ပြည်သူများအနေဖြင့် သွားလာခြင်းမပြုရန် တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ ဇူလိုင်လ ၂၀ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ဇူလိုင်လ ၁၉ရက်နေ့ညပိုင်းတွင် ရွှေဘိုခရိုင် ဝက်လက် မြို့နယ် ရွာသာကြီး ကျေးရွာအတွင်း ရောက်ရှိနေပြီး စိုင်နိုင်ကွေ့တွင် ကင်းပုန်းများ ချထားကာ ရှားတောရွာနှင့် တဂဏန်းရွာတို့တွင် ညအိပ်စခန်းချ ထားကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။
စစ်ကောင်စီတပ်များရောက်ရှိနေ၍ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် ထိတွေ့တို က်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် အဆိုပါလမ်းကို အသုံးမပြုကြရန် ရွှေဘိုသတင်းမှန် ပြန်ကြားရေး မှတဆင့် အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
စစ်ကောင်စီတပ်သည် မုံရွာ-မန္တလေးလမ်း ရွှေဘို မန္တလေးလမ်းပိုင်းများကို အသုံးပြုရာ၌ အရက်ဝတ်ဖြင့် သာမန်အရပ်သားကားများပေါ်တွင် လက်နက်များ ဖွက်ယူ၍ စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာကြောင်းသိရသည်။
ထို့ပြင် အမျိုးသမီးများကို အဆိုပါကားများပေါ်တွင် ခရီးသွားဟန်အဖြစ် လိုက်ပါစေပြီး ခရီးသွားဟန်ဆောင်ကာ ကျေးရွာများကို သွားလာလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်
ပုံစာ-စစ်ကောင်စီတပ်များကင်းပုန်းဝပ်နေသည့်နေရာ
#ရွှေဘိုမန္တလေးလမ်း #ပြည်သူများ #အရေးပေါ်အခြေအနေ #သွားလာမှုမလုပ်ရန် #သတိပေးထုတ်ပြန် #Ayeyarwaddy_Times