ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဒီဇင်ဘာလ ၂၃ ရက်

မကွေးတိုင်း၊ မြိုင်မြို့ပေါ်တွင်တပ်စွဲထားသည့် စစ်အုပ်စုကို ဒီဇင်ဘာလ ၂၂ ရက် နေ့လည် ၂ နာရီဝန်း ကျင်တွင် ဒရုန်းဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း မြိုင် (ပကဖ)ထံမှ သိရသည်။

မြိုင်မြို့မြောက်ပိုင်းတွင်စွဲထားသည့် စစ်ကောင်စီတပ် တပ်မ ၁၀၁ လက်အောက်ခံတပ်သားများ၊ ရဲနှင့် ပျူများ ၄င်းတို့တပ်စွဲထားသည့်နေရာတွင် လောင်း ကစားဝိုင်းထောင်၍ဖဲရိုက်နေစဥ် ဒရုန်းတွင် အီနာဂါဗုံးသီး ၂ လုံးတပ်ဆင်၍ ဖြုတ်ချတိုက်ခိုက်ခဲ့ရာ ၅ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

“သူတို့က ပခုက္ကူ(၁၀၁)တပ်ကကောင်တွေ၊ မြိုင်မြို့တွင်းလုံခြုံရေးတာဝန်ကျနေတာ၊ တပ်ရင်း(၁) တပ်ခွဲ ၃ အဖွဲ့ကနေ ဒရုန်းနဲ့အီနာဂါ ၂ လုံးနဲ့တိုက်တာ ၅ယောက်ဒဏ်ရာပြီး နာရေးကားနဲ့ဆေးရုံကိုတင်ခေါ်သွားတယ်လို့ အတွင်းသတင်းအရသိရတယ်” ဟု မြိုင်(ပကဖ) တပ်ရင်း ၁ တာဝန်ရှိသူ ဗိုလ်လက်ယာမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်မှုအပြီး စစ်ကောင်စီလက်အောက်ခံတပ်သား ၁ ဦး၊ ရဲ ၂ ဦး၊ ပျူစောထီး ၂ ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့အားဆေးကုသရန်မြိုင်ဆေးရုံသို့ နားရေးကား ၂ စီးဖြင့်ခေါ်ဆောင်သွားကြောင်းလည်းသိရသည်။

မြိုင်(ပကဖ)နှင့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်တွင်လည်း သရက်ဂွ(ပျူရွာ)မှ မြိုင်မြို့သို့ဈေးဝယ်ရန်ထွက်လာသည့် တပ်သားများအား ကြားဖြတ်တိုက်ခိုက်ရာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#Ayeyarwaddy_Times