
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၇ ရက်
အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားရာနယ်မြေတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ မှာ ပါဝင်မှုကြောင့် မြန်မာစစ်ဘက်အရာရှိတွေကို သင်တန်းပေးနေတာ ရပ်ဆိုင်းဖို့နဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံမှုဖြတ်တောက်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဂျပန်အစိုးရကို တိုက်တွန်းလိုက်ပါ တယ်။
အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအတွင်း ထိန်းသိမ်းခံရခဲ့ရတဲ့ လူ ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ရွေးကောက်ခံ တာဝန်ရှိသူတွေကို လွှတ်ပေးမယ့်လက္ခဏာမရှိ ဘူးလို့ HRW က သတင်းထုတ်ပြန်ချက်တစ်ခုအတွင်း တောင်းဆိုခဲ့တာဖြစ်ပါတယ်။
“ဂျပန်နိုင်ငံရဲ့ စစ်ဘက်သင်တန်းအစီအစဉ် တက်ရောက်ခဲ့တဲ့ မြန်မာစစ်ဘက်အရာရှိတွေက မြန်မာစစ် တပ်ရဲ့ ပဋိပက္ခဒေသတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်နေပါတယ်” လို့ HRW က အာရှဌာန အစီ အစဉ်အရာရှိ တက်ပီကာဆိုင်းက ပြောပါတယ်။
ဂျပန်နိုင်ငံမှာ စစ်သင်တန်းတက်ရောက်ခဲတဲ့ မြန်မာစစ်ဘက်အရာရှိတွေက ဥပဒေချိုးဖောက်တဲ့စစ်ပွဲမှာ ပါဝင်ခြင်းရှိ မရှိ ဂျပန်အစိုးရက စုံစမ်းစစ်ဆေးဖို့ HRW က အကြံပြုလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ ၂၀၂၁ ခုနှစ် သြဂုတ်လမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ စစ်သင်တန်းတက်ရောက်ခဲ့တဲ့ ဗိုလ်မှူး ချုပ် တင်စိုးရဲ့ဖြစ်ရပ်ကို HRW က ကိုးကားပြောခဲ့ပါတယ်။
ဗိုလ်မှူးချုပ် တင်စိုးဟာ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရက်စက်ကြမ်းကြုတ်မှု တွေ ကျူးလွန်ခဲ့တဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အခြေစိုက် တပ်ရင်းတွေကို ကြီးကြပ်ရတဲ့ အရှေ့ပိုင်းစစ်ဌာန ချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်ကတည်းက ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနဟာ မြန်မာစစ်ဘက်အရာရှိတွေကို သင်တန်းပေး ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း စစ်ဘက်အရာရှိနှစ်ဦးကို လက်ခံခဲ့တယ်လို့ HRW က ပြောပါတယ်။
“လူ့အခွင့်အရေး မြှင့်တင်ဖို့လိုလားတဲ့ တိုင်းပြည်တစ်ပြည်အနေနဲ့ ဂျပန်အစိုးရက မြန်မာပြည်သူတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်သင့်ပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ စစ်ဘက်ဆက်ဆံမှု ဖြတ်တောက်သင့်ပါတယ်” လို့ ကာဆိုင်းက ပြောပါတယ်။
ကိုးကား – The Mainichi
Ref; NGO urges Japan to halt training for military officers from coup-hit Myanmar