ဧရာဝတီတိုင်းမ်
(ဘိုကလေး)၊ နိုဝင်ဘာလ ၁၈ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြိုနယ်အတွင်းမှာဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ ၆၉ ဦးအနက် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဘင်္ဂါလီ ၃၅ ဦးကိုနို၀င်ဘာ ၁၅ ရက်နေ့မှာ ဘိုကလေးမြိုနယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီကျခံစေဖို အမိန့်ချမှတ်လိုက်တယ်လို တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀န်းကနေသိရပါတယ်။

“လ၀ကဥပဒေနဲ့ နိုင်ငံထဲကိုအထောက်ထားမဲ့၀င်ရောက်တယ်ဆိုပြီး ထောင်ဒဏ်၅နှစ်စီချလိုက်တာ ။ လိုက်ပို့တဲ့ ရခိုင်တိုင်းရင်းသား ၆ ဦး အပါ ၂၁ ဦးကိုတော့ လူကုန်ကူးမှု၊ ပုံစံ ၄ မပါပဲ ခရီးသွားလာမှုတွေနဲ့ ဆက်ပြီး ဆက်ပြီးတရားစွဲဆိုထားဆဲဖြစ်တာကြောင့် အမှုရင်ဆိုင်နေရဆဲဖြစ်တယ်”လို့ ဘိုကလေးမြို့နယ်တရားရုံးနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ ၆၉ဦးအနက်မှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေး ၁၃ ယောက်ကိုတော့ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်ရှိ ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်းမှာ အသက် နှစ်ဆယ် ပြည့်ချိန်အထိ ထိန်းသိမ်းထားဖို အမိန့်ချလိုက်တယ်လို့ ဆိုပါတယ်။

ယခုအမိန့်ချလိုက်တဲ့ရိုဟင်ဂျာ ၆၉ဦးဟာရခိုင်ပြည်နယ်ကနေ ထွက်လာစဥ်အောက်တိုဘာလ ၃၀ ရက်နေ့ညပိုင်းမှာ စက်လှေ၀မ်းဗိုက်ပေါက်ပြီး ဘိုကလေးမြို့နယ်ကဒုံကနီကျေးရွာအုပ်စုကတုံးလေးကျွန်းအနီးရောက်ရှိနေစဥ်ဖမ်းဆီးခံခံရတာ ဖြစ်ပါတယ်။

#ဘိုကလေး #ရိုဟင်ဂျာ #ထောင်ဒဏ်
#Ayeyarwaddy_Times