ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းပြောခွင့်ရရှိမှုအပေါ် မြန်မာစစ်အုပ်စုက အပြုသဘောဆောင်တဲ့ လက္ခဏာတွေ ပြသနေတာလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောဆိုလိုက်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆီဟာဆတ်က အခုလို မှတ်ချက်ပြုခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော် ပြထားပါတယ်။
၅ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းပြောဆိုခွင့်ရရှိခဲ့ခြင်းကို ထိုင်းနိုင်ငံက အပြု သဘော ဆောင်တဲ့ အချက်တစ်ချက်အဖြစ် လှိုက်လှိုက် လှဲလှဲ ကြိုဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့အတွင်း ဆွေးနွေးမှုတွေ ပိုမိုလုပ်ဆောင်သွားဖို့ မျှော်လင့်ထားသလို အမေရိကန်နဲ့ မြန်မာစစ်အုပ် စုကြား ထိတွေ့ဆက်ဆံမှုတွေကို ထိုင်းနိုင်ငံက ထောက် ခံပါတယ်။
အမေရိကန်နဲ့ မြန်မာစစ်အုပ်စုဟာ မကြာသေးခင်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီး ဝါရှင်တန်ဒီစီက မြန်မာစစ်တပ်နဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အထီးကျန်ဆန်သွားတာကို မမြင်လိုသလို ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုနယ်မြေ ဖြစ်လာတာကို မလိုလားတဲ့အတွက် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုမှန်သမျှကို ကြိုဆိုရမယ်လို့ ဆီဟာဆတ်က ဆိုပါတယ်။
ကိုထိန်လင်းဟာ လန်ဒန်မြို့ရှိ မြန်မာသံရုံးကတစ်ဆင့် မိခင်ဖြစ်သူနဲ့ ဖုန်းပြောဆိုခွင့်ရခဲ့ပြီး မိခင်ဖြစ်သူမှာ ကျန်းမာရေးအသင့်အတင့် ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက် ပိုင်း သားမိနှစ်ဉီး ဖုန်းပြောဆိုခွင့်ရတာဟာ အရေးပါတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ စစ်အုပ်စုက အခုလို အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာတာဟာ နိုင်ငံ တကာ အသိုက်အဝန်းအတွက်ပါ မျှော်လင့်ချက်အသစ်တွေ ဖြစ်စေခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက စစ်အုပ်စုရဲ့ ယခုလုပ်ရပ်အပေါ် သံ သယရှိနေဆဲဖြစ်ပြီး ခေါင်းဆောင်များ အမြန်ဆုံး လွတ် မြောက်လာမှသာ အမှန်တကယ် ယုံကြည်နိုင်မယ်လို့ တုံ့ပြန်ထားပါတယ်။
ထိုင်းအစိုးရက မြန်မာပဋိပက္ခ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အာဆီယံ ဘုံသဘောတူညီချက်နဲ့အညီ ကြိုးပမ်းသွားဖို့ အသင့်ရှိနေကြောင်း ပြောဆိုထားပါတယ်။
News: Bangkok Post
Ref; FM praises ‘progress’ on Suu Kyi