ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

မြန်မာ့ဂုဏ်ဆောင် UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျော့ရှူဝါဗန်၏ တတိယအကြိမ် ချန်ပီယံခါးပတ် ကာကွယ်ပွဲအဖြစ် စိန်ခေါ်သူ မာနယ်ကပ် (Manal Kape) နှင့် လာမည့် ၂၀၂၇ ခုနှစ်၊ ဇန်န၀ါရိ ၃၀ ရက်နေ့တွင် ထိုးသတယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိချန်ပီယံဗန်က ချန်ပီယံဟောင်း ပန်ဒိုဂျာကို ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက အနိုင်ယူထိုးသတ်ကာ ချန်ပီယံဘွဲ့ကာကွယ်ခဲ့ပြီးနောက် မာနယ်ကပ်က ထပ်မံစိန်ခေါ်ခဲ့ခြင်းဖြစ်ပြီး UFC က ဇန်န၀ါရီ ၃၀ ရက်တွင် ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၌ ကျင်းပမည့် UFC 336 ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်ရန် ပွဲတည်ပေးခဲ့ခြင်းဖြစ် သည်။

အသက် ၃၂ နှစ်အရွယ်ရှိ အန်ဂိုလာနွယ်ဖွား မာနယ်ကပ်သည် MMA ကစားသမားဘဝ ပွဲပေါင်း ၃၀ ထိုးသတ်ထားပြီး ၂၃ ပွဲနိုင် ၇ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားသည့်ဝါရင့်ဖိုက်တာတစ်ဦးဖြစ်သည်။ ထို့ပြင် မာနယ်ကပ်မှာ လက်သီးပါဝါအားကောင်းသူဖြစ်ပြီး နောက်ဆုံး ၄ ပွဲဆက်တိုက် အလဲထိုးဖြင့် အနိုင်ရရှိထားသည်။

မြန်မာပရိသတ်တို့၏တခဲနက်အားပေးမှု ပိုင်ဆိုင်ထားသည့် ချန်ပီယံဗန်အတွက်လည်း ၃ ကြိမ်မြောက် ခါးပတ် ကာကွယ်ပွဲဖြစ်ပြီး အနိုင်ရရှိခဲ့ပါက UFC ၉ ပွဲဆက်အနိုင်ရမည့်မှတ်တမ်းသစ်ကို စိုက်ထူနိုင်မည်ဖြစ်သည်။