ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရွေးတုအစိုးရစစ်တပ်က လေတပ်ဆွယ်နှင့် အမြောက်လက်နက်ကြီးများ တပ်စွဲအခြေချပြီး မကွေးတိုင်းအတွင်းရှိ မြို့နယ်ကျေးရွာများကို စစ်ရာဇဝတ်မှုမြောက် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာကြောင်း သိရသည်။
ပြီးခဲ့သည့် မေလဆန်းပိုင်းမှစ၍ ညောင်ဦးလေဆိပ်၌ အခြေစိုက်ထားသည့် လေတပ်ဆွယ်မှ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျိုင်ရိုကော်ပတာ နှင့် စက်တပ်လေထီးများ အသုံးပြုကာ မြင်းခြံ၊ ငါန်းဇွန်၊ မြစ်ခြေ၊ ရေစကြို၊ ပခုက္ကူနှင့် မကွေးတိုင်းအတွင်းရှိ ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု မြန်မာ့ဒီမိုကရေစီစောင့်ကြည့်ရေးအဖွဲ့ (MDSI) ထံမှ သိရသည်။

“ပုဂံအိမ်တော်က လေးလမ်းဆုံမှာရှိတာရယ်၊ စစ်တပ်ဘက်က အရာရှိတွေလာရင် နေတာဆိုတော့ စစ်တပ်က တပ်စွဲထားတာ ဟုတ်တယ်။ အာနန္ဒာကလည်း အဝန်းအဝိုင်းကျယ်တော့ တပ်တွေရှိနေတယ်” ဟု ပုဂံဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ပုဂံမြို့ဟောင်းနယ်မြေရှိ အာနန္ဒာဘုရား အနောက်ဘက်မုခ်နှင့် ပုဂံအိမ်တော်တို့တွင် တပ်စွဲထားသည့် ရွေးတုအစိုးရစစ်တပ်သည် ၁၀၂ မမ မော်တာစိန်ပြောင်းနှင့် ၁၀၅ မမ ဟောင်ဝစ်ဇာ အမြောက်များကို တပ်ဆင်ကာ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းရာ မြို့နယ်ကျေးရွာများကို နေ့စဉ်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
ရွေးတုအစိုးရစစ်တပ်သည် ပုဂံကဲ့သို့သော ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးနယ်မြေကို စစ်ရေးအတွက် အကာအကွယ်ယူ တပ်စွဲပြီး စစ်ရာဇဝတ်မှုမြောက် တိုက်ခိုက်မှုများကို ထိန်းကွက်မှုမရှိ ကျူးလွန်နေခြင်းဖြစ်သည်ဟု MDSI က သုံးသပ်ဖော်ပြထားသည်။
ဓာတ်ပုံ-ပုဂံလွမ်းစရာဌာနေ