ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်

 

ဗြိတိန်နိုင်ငံ၏ တတိယမြောက် ချားစ်ဘုရင်က လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာအုပ်နှင့် စာပေးပို့ကြောင်း ရွေးတုအစိုးရက ယနေ့ ထုတ်ပြန်သည်။

 

ချားစ်ဘုရင်က ဒေါ်အောင်ဆန်းစုကြည်ထံ The Land Garderners – Soil to table ၊ Soil The World at Our Feet တို့အပါအဝင် အိတ်ပိတ်စာအိတ် တစ်အိတ်နှင့် သံတမန်အိတ်ပိတ်စာအိတ် နှစ်အိတ်ပါဝင်ကြောင်း သိရသည်။

အဆိုပါ The Land Garderners – Soil to table သည် မြေဆီလွှာဂေဟစနစ်နှင့် သိပ္ပံဗဟုသုတများ အကြောင်း၊ အစားအစာ ချက်ပြုတ်နည်းများအပါအဝင် သဘာဝတရားနှင့် အစားအစာ ဆက်စပ်မှုကို ပုံဖော်ထားသော ပန်းချီကားများနှင့် လှပသော သဘာဝဓာတ်ပုံများစွာပါဝင်ကြောင်းသိရသည်။

 

မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်ရရန် ကင်မ်အဲရစ်( ခ) ကိုထိန်လင်းကြိုးစားနေပြီး လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတဆင့် ရွေးတုအစိုးထံ စာပေးပို့ထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မြန်မာနိုင်ငံဆိုင်ရာဌာန ကိုယ်စားလှယ် Mr. Arnaude de Baqque တို့ကိုတွေ့ဆုံခွင့်ပြုခဲ့သည်။

 

လက်ရှိငါးနှစ်ကျော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပြီး ယခုစာအုပ်ပေးပို့ခြင်း၊ တရားစီရင်နေပုံ၊ နေအိမ်အကျယ်ချုပ်ထားပုံနှင့် ICRC ဖြင့်တွေ့ဆုံပေးခြင်းတို့ကို ရွေးတုအစိုးရက ပြည်သူလူထံထုတ်ပြန်ပြသထားသည်။

 

ဓာတ်ပုံ – ရွေးတုအစိုးရ