‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၁၉ ရက်

ရခိုင်ပြည်နယ်၊ ဝီရဌာနီမြို့နယ်၊ ငပြီကျွန်းသို့ ကမ်းတက်ခြေကုတ်ယူနိုင်ရေး ရွေးတုအစိုးရစစ်တပ်က ထပ်မံကြိုးပမ်းနေပြီး အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့က ကမ်းတက်နိုင်ခဲ့သည့် ရွေးတုအစိုးရစစ်တပ် တပ်ဖွဲ့ဝင်များကို ယနေ့ အောက်တိုဘာ ၁၉ ရက် တွင် AA က တိုက်စစ်ဆင် ချေမှုန်းနေသည့်အတွက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် စစ်သင်္ဘောများက လက်နက် ကြီးနှင့် ဒရုန်း ပစ်ကူများပေး၍ ကမ်းတက်ခြေကုတ်ရရှိရေးအတွက် လုပ်ဆောင်နေကြောင်း သိရသည်။

“ဒုတိယအကြိမ်၊ တတိယအကြိမ်တွေ တက်ဖို့ ကြိုးစားနေကြမှာပဲ။ တစ်ကိုယ်စာ ခဲယမ်းနဲ့ရိက္ခာ လောက်ပဲ သယ်ပြီး တက်ရတာမို့ နောက်လူ မလာနိုင်ရင် ကျွန်းပေါ် ရောက်နေတဲ့သူတွေ အသေခံရဖို့ပဲ” ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ခုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ် တပ်ဖွဲ့ဝင်များသည် ယမန်နေ့ အောက်တိုဘာ ၁၈ ရက် နံနက်အစောပိုင်းမှစ၍ စစ်သင်္ဘော၊ ကမ်းထိုး ရေယာဉ်နှင့် အမြန်ရေယာဉ်များ အသုံးပြုကာ အင်အား ၂၀၀ ဝန်းကျင်ဖြင့် ဒုတိယအကြိမ် ကမ်းတက်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကမ်းတက်စစ်ဆင်ရေးတွင် ကမ်းသို့ ကပ်နိုင်ခြင်းမရှိသည့် ရေယာဉ်များမှ စစ်တပ် တပ်ဖွဲ့ဝင် များသည် ရေထဲမှ ကူးခတ်၍ ကမ်းပေါ်သို့ တက်ရောက်ခဲ့ကြရပြီး ထိုသို့ ကမ်းတက်စဉ် လေကြောင်း မှလည်း ဗုံးအလုံးရေ ရာချီ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎ယမန်နေ့ အောက်တိုဘာ ၁၈ရက် နံနက်အစောပိုင်းမှစကာ စစ်သင်္ဘော၊ ကမ်းထိုးရေယာဉ်၊ အမြန်ရေယာဉ်များသုံးကာ စစ်တပ်က အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် ဒုတိယအကြိမ် ကမ်းတက်နိုင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

‎ကမ်းသို့မကပ်နိုင်သည့် ရေယာဉ်များမှလည်း စစ်တပ် တပ်ဖွဲ့ဝင်များ ရေထဲမှကူးခတ်ကာ ကမ်းပေါ်တက် ရောက်ခဲ့ကြသည်။ ထိုသို့ ကမ်းတက်ကြစဉ် လေကြောင်းမှ ဗုံးအလုံးရေ ရာချီ ကြဲချခဲ့သည်ဟု သိရသည်။

ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်၊ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ပေါက်တောမြို့ နယ်ကို တန်ပြန်ထိုးစစ်ဆင်ရန်နှင့် ရွှေမင်းဂံရေတပ်စခန်းကို ကာကွယ်ရန်အတွက် ငပြီကျွန်း ကမ်းတက်စစ်ဆင်ရေးကို စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

‎ပြီးခဲ့သည့် အောက်တိုဘာ ၇ရက်၊ ၉ရက်နှင့် ၁၀ရက်နေ့တို့တွင် စစ်တပ်က ပေါက်တောကို တန်ပြန် ထိုးစစ်ဆင်ရန်နှင့် ရွှေမင်းဂံရေတပ်ကို ကာကွယ်ရန် ငပြီကျွန်းကို ကမ်းတက်စစ်ဆင်ရေး စတင်လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။

မူလက စစ်အင်အား ၂၇၀ ခန့် ကမ်းတက်နိုင်ခဲ့သော်လည်း အင်အားထက်ဝက်ခန့်မှာ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်း၊ ထိခိုက်သေဆုံးခြင်းနှင့် ပျောက်ဆုံးထွက်ပြေးမှုများကြောင့် ပြုန်းတီးသွားခဲ့သည်။ ကျန်ရစ်သည့် အင်အားများမှာလည်း AA ၏ တန်ပြန်တိုက်စစ်နှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နာလန်မထူနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။

ငပြီကျွန်းသို့ ပထမအကြိမ် ကမ်းတက်စစ်ဆင်ရေးအတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်က ရွေးတု အစိုးရ စစ်တပ်၏ စစ်သင်္ဘောနှစ်စီး ပစ်ခတ်ခံခဲ့ရပြီး တစ်စီးမှာ မီးလောင်ပျက်စီး၍ ဆွဲခေါ် သွားခဲ့ရသည်။ ယခုအခါ ရွှေမင်းဂံရေတပ်မှလည်း ငပြီကျွန်းသို့ စစ်ကူပို့နိုင်ခြင်းမရှိတော့ဘဲ လက်နက်ကြီးပစ်ကူဖြင့်သာ ကာပစ်ပေးနေရကြောင်း သိရသည်။