ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ပီချောင်းဆုံဒေသတွင် ရွေးတုအစိုးရတပ်က လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နို့စိုးအရွယ် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ရှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့၊ မွန်းလွဲ တစ်နာရီဝန်းကျင်တွင် ရွေးတုအစိုးရတပ်သည် ပီချောင်းဒေသရှိ အရပ်သားများ ယာယီနားခိုနေသည့် နေရာများကို ဂျက်ဖိုက်တာနှစ်စီးအပါဝင် Y-12 လေယာဥ်တို့ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အိန္ဒိယဘက်က ပစ္စည်းတွေ ကုန်တင်တဲ့ အရပ်သားတွေ နားခိုတဲ့နေရာကို ဗုံးကြဲတာပါ။ အဲနေရာမှာ လူတွေ စည်းကားပြီး တဲတွေဆောက်ထားတာရှိတယ်။ ဂျက်ဖိုက်တာနှစ်စီးနဲ့အရင်ဆုံး ဗုံးကြဲတယ်။ ပြီးမှ Y 12 နဲ့ ထပ်မံ ဗုံးကြဲသွားတာပါ” ဟု ပလက်ဝမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားလေးဦး၊အမျိုးသမီး သုံး ဦးနှင့် လသားအရွယ် နို့စို့ကလေးငယ် တစ် ဦး စုစုပေါင်း ဒေသခံပြည်သူ ရှစ်ဦး မြေပြင်တွင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
ရွေးတုအစိုးရတပ်သည် ဗုံးကြဲတိုက်ခိုက်မှုများ မလုပ်ဆောင်မီ တိုက်ခိုက်ခံရသည့်နေ့ နံနက် ၉ကိုးနာရီခန့်ကတည်းက မိတ္ထိလာ ရှမ်းတဲတပ်စခန်းဘက်မှ ထွက်ခွာလာသည့် ကင်းထောက်လေယာဉ်တစ်စီးသည် ပီချောင်းဆုံဒေသပေါ်ကို ကြိုတင်ရောက်ရှိလာခဲ့သည်။
အဆိုပါ ကင်းထောက်လေယာဉ်သည် မွန်းလွဲပိုင်း တိုက်ခိုက်မှု မဖြစ်ပွားမီအချိ