ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်
ဘယ်လ်ဂျီယမ်နိုင်ငံဟာ ၂၀၂၆ ခုနှစ် မကုန်မီမှာ ယူကရိန်းနိုင်ငံထံ F-16 တိုက်လေယာဉ် ၁၀ စင်း လွှဲပြောင်းပေးမယ်လို့ ဝန်ကြီးချုပ် ဘာ့တ်ဒီဝီဗာက ပြောကြားလိုက်ပါတယ်။
ဘရပ်ဆဲလ်မြို့မှာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ ၎င်းက အခုလို ပြောကြား ခဲ့တာပါ။ အမေရိကန်ထံမှ F-35 တိုက်လေယာဉ်သစ်များ ပေးပို့မှု ကြန့်ကြာခဲ့တာကြောင့် ဘယ်လ်ဂျီ ယမ်ရဲ့ F-16 စစ်လေယာဉ်များ လွှဲပြောင်းရေး အစီအစဉ် နောက်ကျခဲ့ရခြင်း ဖြစ်ပါတယ်။
လက်ရှိမှာ F-35 လေယာဉ်သစ်များ ဘယ်လ်ဂျီယမ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဘာ့တ်ဒီဝီဗာက ရှင်းပြခဲ့ပါတယ်။F-16 တိုက်လေယာဉ်တွေဟာ ရုရှား ဒရုန်းတိုက်ခိုက်မှုများကို ကာကွယ်ရာမှာ ယူကရိန်းအတွက် များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

ယူကရိန်းအနေနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ စစ်လေယာဉ်တွေ အရေးတကြီး လိုအပ်နေပြီး ဘယ်လ်ဂျီယမ်က ကူညီပေးမယ်လို့ ဆိုပါတယ်။ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ် F-16 တိုက်လေယာဉ်သုံး ခဲယမ်းမီးကျောက်များ ထောက်ပံ့ပေးရေးကိုလည်း ဆွေးနွေးခဲ့ပါတယ်။
ဥရောပသမဂ္ဂ (EU) က ယူကရိန်းကို ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေ ဆက်လက် ပံ့ပိုးပေးရေး ကိုလည်း ဘယ်လ်ဂျီယမ်က ထောက်ခံပါတယ်။ယူကရိန်းကို ကူညီပေးနိုင်ရေးအတွက် ဥရောပသမဂ္ဂ ခေါင်းဆောင်တွေကြား ဘက်ပေါင်းစုံမှ ညှိနှိုင်းဆောင်ရွက်နေပါတယ်။
ဇီလန်စကီးဟာ ဘယ်လ်ဂျီယမ်သို့ မလာရောက်မီ နေတိုး၊ ပိုလန်နဲ့ ပြင်သစ်နိုင်ငံတို့မှ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ဘယ်လ်ဂျီယမ်နိုင်ငံရဲ့ အခုအကူအညီဟာ စစ်ဒဏ်သင့် ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်နိုင်စွမ်းကို ပိုမို အားကောင်းစေမှာပါ။
ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့ ယူကရိန်းဟာ စစ်ရေးအကူအညီတွေ တောင်းခံနေပါတယ်။
News: Interfax-Ukraine
Ref; Belgium to transfer 10 F-16 fighter jets to Ukraine by year-end – PM De Wever