ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၇ ရက်

 

ယခုရက်ပိုင်းအတွင်း ဘတ်ဂျက်လိုငွေနှင့် ဘီလာရုစ်ချေးငွေအပါအဝင် ကျပ်ငါးသောင်းတန်ဂရက်ကြောင့် အမေရိကန်ဒေါ်လာ ငွေလဲဈေးလဲဈေးနှုန်း အတက်၊အကျမြန်ဆန်နေကြောင်း သိရသည်။

 

ပြီးခဲ့သည့်အောက်တိုဘာလဆန်းမှစတင်ကာ စက်သုံးဆီဈေးမြင့်တက်လာကာ ယင်းနောက်ပိုင်းတွင် ဒေါ်လာဈေးအတက်၊အကျဖြစ်ပေါ်နေပြီး ပြည်တွင်းရွှေဈေးနှုန်းမြင့်တက်နေကြောင်း ဈေးကွက်မှစုံစမ်းသိရသည်။

 

လက်ရှိလူမှုကွန်ရက်စာမျက်နှာနှင့် အွန်လိုင်းသတင်းစာမျက်နှာများတွင် ကျပ် ၅၀၀၀၀ တန်ငွေစက္ကူအသစ်ထုတ်ဝေမည်ဆိုသည်မှာ သတင်းအမှားဖြစ်ကြောင်း ရွေးတုအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးကဆိုသည်။

ဒီလထဲစက်သုံးဆီဈေးကလည်းမကျဘူး။ စစ်ကောင်စီရဲ့ ငွေကြေးအခြေအနေတွေနဲ့ ကောလာဟလတွေအများကြီးဖြစ်တယ်။ ကျပ် နှစ်သောင်းတန်တွေသုံးနေပြီတို့နဲ့ အခုငါးသောင်းတန်ထွက်မယ်ဆိုပြီးရေးကြတော့ ကောလာဟလတွေကြောင့် ကုန်ဈေးနှုန်းတွေပိုတက်စေတယ် ဟု မူဝါဒရေးရာလေ့လာနေသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

 

စစ်အသုံးစရိတ်များနေသော ရွေးတုအစိုးရသည် ဘတ်ဂျက်လိုငွေပြနေပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွ ကျပ် ၂၁၀၀ ဘီလီယံရယူခြင်းနှင့် ဘယ်လာရုစ်မှ ပို့ကုန်ချေးငွေရယူမည့်ရွှေးတုလွှတ်တော်သဘောတူညီ ချက်ကြောင့် နိုင်ငံခြားငွေလဲနှုန်းထားများ မြင့်လာကြောင်းသိရသည်။

 

လက်ရှိတွင် အမေရိကန်ဒေါ်လာလဲလှယ်ဈေးနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၄,၆၀၀ ဝန်းကျင်ရှိပြီး ပြည်တွင်းအကယ်ဒမီအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် သိန်း ၁၀,၂၀၀,၀၀၀၊ စက်သုံးဆီဈေး ၉၂ တစ်လီတာလျှင် ၄,၇၀၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၄,၈၅၀ ကျပ်၊ ပရီမီယံဒီဇယ် ၅,၄၄၀ ကျပ် နှင့် ဒီဇယ် ၄,၄၈၅ ကျပ်ဖြစ်ကြောင်းဈေးကွက်အတွင်းသိရသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်