ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်

အမေရိကန်အစိုးရနဲ့ မြန်မာစစ်အုပ်စုတို့ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လျှို့ဝှက်ဆွေးနွေးပွဲ ထပ်မံ ပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါဟာ တစ်လအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး အမေရိကန်က မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်ဝန်ကြီး မိုက်ကယ်ဗန့်စ်က ဦးဆောင်ခဲ့တာပါ။

အမေရိကန်အရာရှိ ၁၀ ဦးထက်မက ပါဝင်ခဲ့ပေမဲ့ မြန်မာဘက်က ဘယ်သူတွေ တက်ရောက်ခဲ့တယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလလယ်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံသား စီးပွားရေးသမားတစ်ဦး လွတ်မြောက်ရေးနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပိတ်သိမ်းရေးကို အဓိကထား ဆွေးနွေးခဲ့တာပါ။

တိုကျိုတွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ မြေရှားသတ္တု ထုတ်ယူခွင့် အပါအဝင် တခြားကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပါတယ်။

အမေရိကန်ပြည်သူတွေဆီကနေ ဒေါ်လာဘီလီယံပေါင်းများစွာ လိမ်လည်နေတဲ့ ကျားဖြန့်တွေကို နှိမ်နင်းဖို့ အမေရိကန်က အဓိက တောင်းဆိုနေပါတယ်။

လျှပ်စစ်ကားနဲ့ လေအားလျှပ်စစ် ထုတ်လုပ်ရေးမှာ အရေးပါတဲ့ မြန်မာနိုင်ငံမှ မြေရှားသတ္တု ရရှိရေးကိုလည်း အမေရိကန်က စိတ်ဝင်စားနေပါတယ်။

မြေရှားသတ္တုသိုက်အများစုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ ရှိနေတာကြောင့် အခက်အခဲတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ အမေရိကန်ဟာ စစ်အုပ်စုနဲ့ ဆက်နွှယ်သူတစ်ဦးရဲ့ သမီးဖြစ်သူအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားမှုကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒဟောင်းတွေကို ပြန်လည်သုံးသပ်ပြီး ချဉ်းကပ်မှုအသစ် လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုတွေ့ဆုံမှုဟာ ဒေါ်နယ်ထရမ့်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို အပြန်အလှန် အကျိုးအမြတ်ရယူရေး အမြင်နဲ့ ကြည့်မြင်လာတာကို ပြသနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

တွေ့ဆုံမှုကို အိမ်ရှင်အဖြစ် လက်ခံပေးခဲ့တဲ့ ဂျပန်နိုင်ငံက လိုအပ်သလို ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး အသေးစိတ်ကို ပြောကြားခြင်း မရှိပါဘူး။

ဂျပန်နိုင်ငံဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့ပေမဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေလို ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ခြင်း မရှိပါဘူး။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ဂျပန်ကုမ္ပဏီပေါင်း ၃၀၀ ခန့် ဆက်လက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

News: Reuters
Ref; US holds more secret talks with Myanmar’s military-backed rulers in Tokyo, sources say